သီးနှံထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်း

ဓါတ်ခွဲခန်း၏ ရည်ရွယ်ချက်များ

  • စိုက်ပျိုးသီးနှံထွက်ကုန်များ အရည်အသွေးပြည့်မှီ၍ ဘေးဥပါဒ်ကင်းရှင်းရေး ဓါတ်ခွဲစစ်ဆေးပေးရန်။
  • မြန်မာနိုင်ငံ စားသောက်ကုန်စံချိန်စံညွှန်း အကောင်အထည်ဖော်ရေးနှင့် ဓါတ်ကြွင်းထိန်းချုပ်မှုများ၊ မှိုဆိပ်ထိန်းချုပ်မှုများ၊ အဆိပ်သင့်သတ္တုဓါတ်များ ထိန်းချုပ်မှုများအတွက် အထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်။
  • စိုက်ပျိုးသီးနှံ ထွက်ကုန်များ တင်ပို့ရောင်းချခြင်း၊ တင်သွင်း ဖြန့်ဖြူးခြင်းတွင် ဓါတ်ခွဲစစ်ဆေး ထောက်ခံချက်များ ပံ့ပိုးပေးနိုင်ရန်။
  • စိုက်ပျိုးသီးနှံထွက်ကုန်များ၏ အရည်အသွေးအာမခံချက်များနှင့် ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအား နည်းပညာအားဖြင့် အထောက်အပံ့ပေးနိုင်ရန်။

သီးနှံထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်း မှ လက်ရှိဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းဆောင်တာ များ

  • စျေးကွက်အတွင်း စံ မညီ စိုက်ပျိုးသီးနှံထွက်ကုန်များ နှင့် စားသုံးဆီများ ပပျောက်ရေး အတွက်အခြားဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အရည်အသွေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းပါဝင်ဆောင်ရွက်နေခြင်း။
  • စိုက်ပျိုးသီးနှံများနှင့်  စားသုံးဆီများဓါတ်ခွဲရာတွင် ဘေးဥပါဒ်ကင်းမှု Food  Safety Parameters များ၊ အရောအနှော Identification Parameters များ၊ အရည်အသွေးဆိုင်ရာ Quality Parameters များ စစ်ဆေးခြင်း စသော ဓါတ်ခွဲစမ်းသပ်မှု အမျိုးအစား ပေါင်း (၂၁) မျိုး အားတိုင်းတာ စစ်ဆေးပေးနေခြင်း။
  • နိုင်ငံတကာ စိုက်ပျိုးသီးနှံများ  အဆင့်အတန်း စံချိန်စံညွှန်းများအတိုင်း ဘေးအန္တရာယ်ကင်းသော ပြည်တွင်း စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ရေးကိုဓါတ်ခွဲစစ်ဆေးပေးခြင်းအားဖြင့်ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း။

ဓါတ်ခွဲကျွမ်းကျင် သင်တန်းများ

ဘေးအန္တရာယ်ကင်းသော အစားအစာများစားသုံးနိုင်ရေး၊ တင်ပို.ရောင်းချနိုင်ရေးအတွက်ဓါတ်ခွဲစစ်ဆေးပေးနိုင်ရန် နိုင်ငံတကာအကူအညီများရယူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်သွယ်ရန်လိပ်စာ

မျိုးစေ့၀င်း(စိုက်ပျိုးရေးဦးစီးဌာန)

ကြို့ကုန်း- အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ်+ ၉၅၁- ၃၆၄၆၂၉၄

အီးမေလ်- khin7915@gmail.com