ဇီဝနည်းဖြင်.ကာကွယ်နှိမ်နှင်းခြင်းဌာနစု

ဘက်စုံသီးနှံကာကွယ်ရေးစနစ်

ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဆိုသည်မှာ  ရေရှည်မှာဂေဟစနစ်မပျက်ပြားစေပဲ  သီးနှံဖျက်ပိုး(ပိုး၊ရောဂါ၊ ပေါင်းနှင်.ကြွက်တွေ)ကိုလိုအပ်သလို ကာကွယ်နှိမ်နင်းရေးနည်းပညာများ ဥပမာ(ဇီဝနည်းဖြင်.ကာကွယ် ခြင်း၊ပိုမိုကောင်းမွန်သောစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များသုံးခြင်း၊ခံနိင်ရည်ရှိသောမျိုးများအသုံးပြုခြင်း)ကို စုပေါင်းပြီး ကာကွယ်နှိမ်နင်းသည်. စနစ်ဖြစ်ပါသည်။ ပိုးသတ်ဆေးအား အဓိကဖျက်ပိုးကိုကင်း ထောက်စစ် ဆေးပြီး အမှန်တကယ်လိုအပ်မှသာ ညွန်ကြားချက်အတိုင်းသုံးစွဲရပါသည်။ သီးနှံကာကွယ် ရေးစနစ်များကို ရွေးချယ်ရာတွင် လူသားတို့၏ကျန်းမာရေး၊ အကျိုးပြုမိတ်ဆွေ ပိုးများ၊ ဖျက်ပိုး မဟုတ်သောပိုးများ နှင်.ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးသော နည်းလမ်းများ ကိုရွေးချယ်အသုံး ပြုရပါမည်။

နောက်ခံသမိုင်း

စပါးသီးနှံသည်အဓိကအစားအစာဖြစ်ပြီးအစေ့အဆန်အထွက်နှုန်း၏၂၀%ဖြစ်သည်။စုစုပေါင်းစပါးစိုက်ဧက၏၉၀%မှာအာရှဖြစ်သည်။စပါးသီးနှံစိုက်ပျိုးရာတွင်ဖျက်ပိုးများသည်အဓိကအဟန့်အတားများဖြစ်သည်။အထူးသဖြင့်မဟာမဲခေါင်ဒေသ၏ပူနွေးစိုစွတ်သောဒေသများတွင်အများဆုံးဖြစ်သည်။စပါးသီးနှံဖျက်ပိုးများအနက်ပင်စည်ထိုးပိုးများနှင့်ရွက်လိပ်ပိုးများ သည်စပါးပင်ကိုအများဆုံးဖျက်ဆီး၍ထိုဖျက်ပိုးများကြောင်းအထွက်နှုန်း၁၀−၂၀%လျော့နည်းသွားစေသည်။အရှေ့တောင် အာရှရှိစပါးကိုအဓိကအမြောက်အများစိုက်ပျိုးသောတောင်သူများသည်သမရိုးကျဖျက်ပိုးများကိုနှိမ်နင်းသောနည်းလမ်း အဖြစ်ပိုးသတ်ဆေးကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။ဖျက်ပိုးများကိုကာကွယ်ရန်အဆိပ်ပြင်းသောဆေးများကိုအများအပြားသုံးစွဲခြင်းသည်အချို့သောဖျက်ပိုးများကိုပိုးသတ်ဆေးခံနိုင်ရည်ရှိသွားစေခြင်းနှင့်မိတ်ဆွေပိုးများသေစေခြင်းကြောင့် ဒုတိယဖျက်ပိုးများဆိုးရွားလာခြင်းတို့ဖြစ်စေနိုင်သည်။သမရိုးကျဖျက်ပိုးကာကွယ်နှိမ်နင်းနည်းသည်စိုက်ပျိုးရေးဂေဟစနစ်၏မျှခြေကိုမတည်မငြိမ်ဖြစ်စေခြင်းကြောင့်လယ်ယာပတ်ဝန်းကျင်ကိုပျက်ဆီးစေရုံသာမကတောင်သူများနှင့်စားသုံးသူများ
ကိုပါကျန်းမာရေးထိခိုက်မှုများသိသိသာသာဖြစ်စေနိုင်သည်။

ရည်ရွယ်ချက်

ရည်ရွယ်ချက်များမှာစိုက်ပျိုးရေးဂဟစနစ်ကိုအစဉ်ကောင်းမွန်စေရန်၊ဆန်စပါးကိုတည်ငြိမ်စွာနှင့်စဉ်ဆက်မပြတ်ထုတ်လုပ် ရန်၊တောင်သူကျန်းမာရေးနှင့်စားသုံးသူများအစားအစာလုံခြုံစိတ်ချနိုင်ရေးအတွက်အနောက်တောင်တရုတ်၊လာအိုနှင့် မြန်မာနိုင်ငံတို့တွင်ဒေသဆိုင်ရာသုတေသနများပြုလုပ်ခြင်း၊ဒေသ၏သဘာဝလူမှုရေးပတ်ဝန်းကျင်နှင့်ကိုက်ညီသောဖျက်ပိုးနှိမ်နင်းမှုများ၊အခြေခံအဆောက်အအုံ၊ကိရိယာများနှင့်လက်ရှိနှင့်အကြိုမိုးလေဝသခန့်မှန်းမှုတို့ကိုခိုင်ခိုင်မာမာပြုလုပ်ခြင်းတို့ဖြစ်သည်။အထူးသဖြင့်စီမံကိန်းဧရိယာတွင်ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းနိုင်သောသက်ရှိဖြစ်သည့်ထရိုင်ဂိုဂရားမားနဂျီ စက်ရုံဆောက်ရန်နှင့်၎င်းနဂျီကိုအခြေခံသည့်ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းစနစ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည်။ဤစာအုပ်ငယ်သည်မြန်မာနိုင်ငံစပါးစိုက်တောင်သူများအားဘက်စုံသီးနှံကာကွယ်ရေးဗဟုသုတများရရှိစေရန်၊ ပိုး/ရောဂါခွဲခြားခြင်းနှင့်ကာကွယ်နှိမ်နင်းနည်းများသိရှိစေရန်အထောက်အကူဖြစ်စေပါသည်။

ဘက်စုံပိုးမွှာရောဂါးကာကွယ်နှိမ်နင်း၏စည်းမျဉ်းစည်းကမ်းများနှင့်သဘောတရားများ

  • ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းစနစ်များသည်သီးနှံ၊ပတ်ဝန်းကျင်၊ဖျက်ပိုးနှင့်၎င်းတို့၏ဆက်စပ်မှုများအားလုံးပါဝင်သော စိုက်ပျိုးရေးဂေဟစနစ်ကြီးတစ်ခုလုံးကိုစဉ်းစားသုံး၍ဆောင်ရွက်သောနည်းစနစ်ဖြစ်သည်။
  • ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းစနစ်များသည်သဘာဝအတိုင်းဖျက်ပိုးများကာကွယ်နှိမ်နင်းစနစ်များကိုအထူးအလေးထားဆောင်ရွက်ရန်နှင့်စိုက်ပျိုးရေးနည်းစနစ်များ၊ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းနည်းများ၊ဓာတုပိုးသတ်ဆေးများကိုပေါင်းစပ် အသုံးပြုရန်ရည်ရွယ်သည်။
  • မည်သည့်ဖျက်ပိုးပြဿနာဖြေရှင်းသောနည်းလမ်းများမဆိုသီးနှံများကိုကွင်းဆင်းစစ်ဆေး၍စီးပွားရေးတွက်ခြေကိုက်ရန်နှင့်ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်ညှိနှိုင်းဆောင်ရွက်သင့်သည်။နောက်ဆုံးနည်းလမ်းအဖြစ်သာဓာတုပိုးသတ်ဆေးကိုစဉ်း စားသင့်သည်။
  • ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းစနစ်များသည်စိုက်ပျိုးရေးဂေဟစနစ်ကြီးကိုထိခိုက်မှုနည်း၍ကျန်းမာသန်စွမ်းသောသီးနှံ များရရှိရန်အတွက်အလေးထားဆောင်ရွက်သည်။၎င်စနစ်သည်ပတ်ဝန်းကျင်နှင့်လူ၏ကျန်းမာရေးထိခိုက်မှုနည်းစေသည်။

ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းများ

ဤစနစ်တွင်စိုက်ပျိုးရေးနည်းစနစ်များဖြစ်သောခံနိုင်ရည်ရှိသောမျိုးများရွေးချယ်ခြင်း၊စိုက်ခင်းကိုသန့်ရှင်းခြင်း၊သီးနှံအချိန်မှန်စိုက်ခြင်းနှင့်သီးလှည့်စိုက်ခြင်း၊မျိုးစေ့သန့်စင်ခြင်း၊ဓါတ်မြေဩဇာအချိုးကျသုံးစွဲခြင်း၊ထယ်မထိုးခင်ရေလွှမ်းခြင်း၊ပျိုး ခင်းကိုဇကာများဖုံးအုပ်အသုံးပြုခြင်း၊သီးနှံကျန်းမာသန်စွမ်းရန်ထိန်းသိမ်းခြင်း၊ဖျက်ပိုးများဖျက်ဆီးမှုမှကင်းဝေးစေရန်၎င်းတို့အတွက်ဆိုးရွားသောအခြေအနေများဖန်တီးပေးခြင်းကဲ့သို့သောတိုးတက်သောလယ်ယာစိုက်ပျိုးရေးစနစ်များပါဝင်သည်။

ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းသည်ခေတ်သစ်ဘက်စုံကာကွယ်နှိမ်နင်းစနစ်များတွင်အရေးကြီးဆုံအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ထိုစနစ်တွင်ဖျက်ပိုးများထိန်းချုပ်ရန်နှင့်၎င်းတို့ကိုဖျက်ဆီးရန်အတွက်သားရဲတိရိစ္ဆာန်များ၊ကပ်ပါးကောင်များ၊ ကပ်ပါးမှိုများကိုအသုံးပြုခြင်းနှင့်၎င်းတို့၏အရေအတွက်များကိုတိုးပွားခြင်းတို့ပါဝင်သည်။ထို့ကြောင့်ဘက်စုံသီးနှံကာကွယ်နှိမ်နင်းစနစ်သည်ဘေးကင်းခြင်း၊ရေရှည်တည်တံ့စေခြင်းနှင့်စီးပွားရေးတွက်ခြေကိုက်သောနည်းစနစ်ဖြစ်သည်။သို့သော် လည်းဤစနစ်သည်ဓါတုဆေးများအသုံးပြုသကဲ့သို့လျင်မြန်စွာအစွမ်းသက်ရောက်မှုမရှိခြင်းနှင့့််အချို့သောဖျက်ပိုးမျိုးစိတ် များကိုသာနှိမ် နင်းနိုင်သည်။.

ဤစနစ်တွင်ဓါတုပိုးသတ်ဆေးများကိုအသုံးပြုခြင်းတို့ပါဝင်သည်။၎င်းစနစ်သည်ထိရောက်လွယ်ကူသောဖျက်ပိုးကာကွယ် နှိမ်နင်းနည်းစနစ်ဖြစ်သည်။သို့သော်လည်းပိုးသတ်ဆေးများသည်မိတ်ဆွေပိုးများကိုသေစေသည်။ပိုးသတ်ဆေးသုံးစွဲခြင်း သည်တောင်သူနှင့်စားသုံးသူများကျန်းမာရေးကိုထိခိုက်စေခြင်း၊ဖျက်ပိုးများခံနိုင်ရည်ရှိလာခြင်းနှင့်အဓိကဖျက်ပိုးမဟုတ် သောဖျက်ပိုးများပွားများလာခြင်းကဲ့သို့သောဆိုးကျိုးများဖြစ်စေသည်။

ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းသည်ဘက်စုံသီးနှံကာကွယ်နှိမ်နင်းများ၏အဓိကအပိုင်းဖြစ်သည်။၎င်းတွင် နည်းလမ်းများစွာပါဝင်သည်။အခြားတိုင်းပြည်မှဝင်လာသောဖျက်ပိုးများကိုဇီဝနည်းဖြင့်ကာကွယ်နှိမ်ခြင်းနည်းလမ်းတွင် တခြားနေရာမှဝင်ရောက်လာသောဖျက်ပိုးကိုနှိမ်နင်းရန်ရည်ရွယ်၍ဖျက်ပိုး၏မူရင်းဒေသရှိ၎င်းဖျက်ပိုး၏မိတ်ဆွေပိုးများကို နေရာသစ်သို့တင်သွင်းခြင်းတို့ပါဝင်သည်။ဤစနစ်သည်ဘက်စုံကာကွယ်ရေးနည်းစနစ်တွင်အသုံးပြုမှုနည်းသည်။

အရေအတွက်တိုးပွားစေသောဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းနည်းတွင်မိတ်ဆွေပိုးများကိုဖြည့်စွက်လွှတ်ပေးခြင်းဖြင့်သဘာဝအတိုင်းတွေ့ရသောအရေအတွက်ကိုတိုးပွားစေခြင်းများပါဝင်သည်။ရာသီ၏အဓိကအချိန်တွင်မိတ်ဆွေပိုးအနည်းငယ်လွှတ် ပေးနိုင်သည်။(သို့မဟုတ်)မိတ်ဆွေပိုးသန်းပေါင်းများစွာလွှတ်ပေးနိုင်သည်။

ထိန်းသိမ်းစောင့်ရှောက်သောဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းနည်းတွင်ပတ်ဝန်းကျင်တစ်ခု၌ရှိပြီးသောမိတ်ဆွေပိုးများကိုထိန်းသိမ်းစောင့်ရှောက်ခြင်းပါဝင်သည်။မိတ်ဆွေပိုးများသည်၎င်းတို့နေလေ့နေထရှိသောပတ်ဝန်းကျင်၊ဖျက်ပိုးများနှင့်သဟဇာတဖြစ်နေပြီဖြစ်သည်။မိတ်ဆွေပိုးကိုတိုးတက်စေသောစိုက်ပျိုးရေးနည်းစနစ်များမှာ၎င်းတို့အတွက်နေစရာများပြုလုပ်ပေးခြင်း၊ရောင်စုံပန်းပွင့်များစိုက်ပျိုးပေးခြင်းတို့ဖြစ်သည်။များစွာသောမိတ်ဆွေပိုးများသည်အရွယ်ရောက်လျှင်ဝတ်မှုန်များတွင်ပါဝင်သောသကြားဓါတ်ပေါ်မူတည်နေသဖြင့် ဝတ်မှုန်များပေါများ၍ အကြာကြီးပန်းပွင့်သောအပင်များ စိုက်ပျိုးခြင်းသည် ကောင်းကျိုးများစွာဖြစ်စေသည်။

ဖျက်ပိုးများကိုဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းနိုင်သောသက်ရှိများ

၎င်းတို့သည်ဖျက်ပိုးများကိုစားသောက်ဖျက်ဆီးသည်။ဥပမာ-ပင့်ကူ၊ပုစဉ်း၊နဖာချေးပိုး၊ဂျပိုးအစိမ်း၊ဇာတောင်ပိုး၊လိပ်ခုံးကျိုင်း၊ဖား၊အင်းဆက်စားသောငှက်များတို့ ဖြစ်ကြသည်။

၎င်းတို့သည်အင်းဆက်ဖျက်ပိုးများ၏ကိုယ်ပေါ်(သို့မဟုတ်)ခန္ဓာထဲတွင်ဥဥသည်။ဖျက်ပိုးများ၏ဥ၊လောက်ကောင်၊ရုပ်ဖုံးနှင့်အကောင်ကြီးအဆင့်များကိုဖျက်ဆီးနိုင်သည်။၎င်းသည်အင်းဆက်အသေးစားအမျိုးအစားများဖြစ်သည်။၎င်းသည်အကောင်ကြီးအဆင့်သာပျံသန်းနိုင်ပြီးလောက်ကောင်အဆင့်သည်လက်ခံကောင်၏အတွင်းတွင်ပုန်းနေပြီးသီးနှံခင်းများတွင်မတွေ့နိုင်ပါ။အောက်ပါပုံများသည် ကပ်ပါးနဂျီပုံများဖြစ်သည်။ ဥပမာ-ထရိုင်ဂိုဂရားမားနဂျီသည် အလွန်သေးငယ်သော ဥကပ်ပါးပိုး များဖြစ်သည်။ ၎င်းထရိုင်ဂိုဂရားများကပ်ပါးနဂျီများကိုဤစီမံကိန်းတွင်အမြောက်အများထုတ်လုပ်မည်။

၎င်းသည်အင်းဆက်ပိုးများကိုရောဂါကျ၍သေစေသည်။အင်းဆက်များကိုရောဂါဖြစ်စေသောမှို၊နီမတုတ်၊ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားအုပ်စုများပါဝင်သည်။၎င်းတို့သည်အလွန်သေးငယ်သောသက်ရှိများဖြစ်သည်။၎င်းတို့သည်လက်ခံ ကောင်ပေါ်တွင်အမြောက်အများပေါက်မှသာမြင်နိုင်သည်။

အချက်အလက်များစုဆောင်းခြင်း

ဤအချက်အလက်များကိုInstitute of Plant Protection, Chinese Academy of Agricultural Sciences၊ သီးနှံကာကွယ်ရေးဌာနခွဲနှင့် CABI တို့မှပူးပေါင်းပြုစုထားပါသည်။

 

အခြားစီမံကိန်းအဖွဲ့ဝင်များ

  • Plant Protection Station, Xingan, Guangxi
  • Plant Protection Quarantine Station, Dehong, Yunnan
  • Plant Protection Centre, Laos
  • Tian Yi biological control co. LTD, Hengshui, Hebei
  • International Rice Research Institute