စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲနှင့် CABI (The Centre for Agriculture and Bioscience International) တို့ ပူးပေါင်းကျင်းပသည့် “Fall Armyworm (FAW) Workshop in Myanmar” အလုပ်ရုံဆွေးနွေးပွဲကို သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ဖွင့် လှစ် ကျင်းပခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲနှင့် CABI (The Centre for Agriculture and Bioscience International)   တို့ ပူးပေါင်းကျင်းပသည့် “Fall Armyworm (FAW) Workshop in Myanmar” အလုပ်ရုံဆွေးနွေးပွဲ ကို သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ဖွင့် လှစ် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် CABI မှ ပညာရှင် Dr. Arnaud Costa ၊  CABI  မှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မြင့်သောင်း(ပါမောက္ခချုပ်(ငြိမ်း) စိုက်ပျိုးရေးတက္ကသိုလ်) ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး နှင့် ပညာရှင်များ၊ ပြည်နယ်/တိုင်း ဒေသကြီးများမှ သီးနှံကာကွယ်ရေးတာဝန်ခံများနှင့် စိုက်ပျိုးရေး တက္ကသိုလ်ကိမိလဗေဒမှ ပညာရှင်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် CABI မှ ပညာရှင် Dr. Arnaud Costa မှ ကမ္ဘာ့နိုင်ငံများတွင် Fall Armyworm (FAW): Spodoptera frugiperda ပြန့်နှံ့ကျရောက်မှု၊ မြန်မာနိုင်ငံသို့ဝင်ရောက်လာနိုင်မှုအခြေ အနေများ၊ ကြိုတင်သတိ ထားဆောင်ရွက်နိုင်ရန်၊ ပညာပေးဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်နိုင်ရန်၊ ဖြစ်လာနိုင်သည့်အခြေအနေများ အတွက် အားလုံးပူးပေါင်း၍ ကြိုတင်ဆောင်ရွက်မှု၊ ကာကွယ်နှိမ်နင်းမှုများဆောင်ရွက်မှု တို့ကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ပညာရှင်များမှသိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။