ရည်ရွယ်ချက်
စိုက်ပျိုးရေး ဝန်ထမ်းများနှင့် သီးနှံစိုက်တောင်သူများ
- ပိုးမွှား၊ ရောဂါ၊ ပေါင်း၊ ကြွက် များအား အမျိုးအစားခွဲခြားနိုင်ပြီး ကာကွယ်နှိမ်နင်း နိုင်မည့်နည်းလမ်းများနှင့် တရားဝင် မှတ်ပုံတင်ထားသည့် ပိုးသတ်ဆေးများကို မှန်ကန်စွာရွေးချယ်အသုံးပြုနိုင်သည် အထိ ချင့်ချိန် စဉ်းစားဆောင်ရွက် နိုင်ရန်။
- တရားဝင်မှတ်ပုံတင်ထားရှိသောပိုးသတ်ဆေးများနှင့် ကုမ္ဗဏီ များကို အလွယ်တကူ သိရှိနိုင်ရန်။
- ဘက်စုံသီးနှံ ကာကွယ်ရေးနည်းလမ်းများကို သိရှိပြီး လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဘေး အန္တရာယ်ကင်းရှင်းသော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်စေရန်။
- ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာအသုံးပြုနိုင်စေရန်။
- ပိုးသတ်ဆေးအရောင်းဆိုင်များတရားဝင်မှတ်ပုံတင်ထားရှိသောပိုးသတ်ဆေးများအားသိရှိပြီး ရောင်းဝယ်ဖေါက်ကားနိုင်ရန်။
- သီးနှံစိုက်တောင်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်။
ပါဝင်သောအကြောင်းအရာများ
- သီးနှံ ၂၅ မျိုး
- အင်းဆက်/ ပိုးမွှား ၁၈၇ မျိုး
- ရောဂါ ၁၃၇ မျိုး
- ပေါင်း (လယ်/ ယာ) ၃၀ မျိုး
- ကြွက် (Rodent) ၁၂ မျိုး
- ရွှေခရု ၁ မျိုး
- ဘက်စုံသီးနှံကာကွယ်ရေးနည်းလမ်း များ
- ပိုးသတ်ဆေးနှင့်ပတ်သက်သည့်အချက်အလက်များ
- အသုံးဝင်သည့် Website များ
မှတ်ချက်
*Android 4.0 နှင့် အထက် Android ဖုန်းများသာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။