ပေါင်းဌာနစု

ပေါင်းဌာနစု

  • လယ်စပါး၊ယာစပါးတွင်ပေါက်ရောက်သောပေါင်းနမူနာများအားစိုက်ပျိုးပြသထားခြင်း၊ ပေါင်းနမူနာနှင့် ပေါင်းစေ့နမူနာများ စုဆောင်းထိန်းသိမ်းခြင်း။
  • ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သို့တင်သွင်းလာသောပေါင်းသတ်ဆေးနှင့်အပင်ဟော်မုန်းဆေး များ၏ နည်းပညာအချက်အလက် အထောက်အထားစာတမ်းများ ဖတ်ရှုစီစစ် စစ်ဆေးခြင်း။
  • ပေါင်းသတ်ဆေးများ၏အာနိသင်ထိ ရောက်မှုစမ်းသပ်ကွက် များအားကြီးကြပ်စစ် ဆေးခြင်း။
  • စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့်တောင်သူများအားပေါင်းအမျိုးအစားနှင့်ပေါင်းကာကွယ် နှိမ်နှင်းနည်းများ၊ပေါင်းသတ်ဆေးနှင့်အပင်ဟော်မုန်းဆေးများကိုစနစ်တကျအသုံးပြုနည်း စသည့် နည်းပညာများကိုသင်တန်းများ၊တောင်သူပညာပေးဆွေးနွေးပွဲများပြုလုပ်၍ ဖြန့်ဝေ ခြင်း။
  • အခါအားလျော်စွာပြုလုပ်သော နည်းပညာသင်တန်းများနှင့် CPA သင်တန်းများတွင် ပေါင်းအမျိုးအစားခွဲခြားခြင်းနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်းလမ်းများ၊ ပေါင်းသတ်ဆေးနှင့် အပင်ဟော်မုန်းဆေးများအကြောင်း သင်ကြားပို့ချခြင်း။
  • သီးနှံအလိုက်ပေါက်ရောက်သော ပေါင်းအမျိုးအစားများ စစ်တမ်းကောက်ယူခြင်း။
  • PRA (အပင်နှင့် အပင်ထွက်ပစ္စည်းများကို ဖျက်ပိုး(ပေါင်း) အန္တရာယ်စိစစ်တွက်ချက် ပေးခြင်း) လုပ်ငန်းများဆောင်ရွက်ခြင်း။

ပေါင်းသတ်ဆေးသုံးစွဲရာတွင်သတိပြုရမည့်အချက်များ

  • ပေါင်းသတ်ဆေးရွေးချယ်မှုမှန်ရမည်။ (ဥပမာ – စိုက်ပျိုးသောသီးနှံနှင့် ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ကိုက်ညီသော ဆေးဖြစ်ရမည်။)
  • သင့်တော်မှန်ကန်သောဆေးနှုန်းထားဖြစ်ရမည်။ (ဆေးဘူး။ပုလင်းတွင်ပါရှိသည့်အညွှန်းအတိုင်း)
  • ပက်ဖျန်းချိန်မှန်ရမည်။(ပေါင်းပင်နှင့် သီးနှံပင်သက်တမ်းအခြေအနေ)
  • ပတ်ဝန်းကျင်အခြေအနေမှန်ရမည်။ ယေဘုယျအားဖြင့် နေရောင်ခြည်ရှိသော အချိန်တွင်ဖြန်းရမည်။ သို့သော်လေဆန်၍မဖျန်းရ။ လေတိုက်သောနေ့၊ မိုးရွာသောနေ့ မဖျန်းရပါ။
  • ဆေးအမျိုးအစားကိုလိုက်၍ဆေးဖျန်းပြီး နာရီဝက်မှ ၆နာရီအတွင်း မိုးလွတ်ရမည်။ (ဥပမာ – ပါရာကွက် – နာရီဝက် ၊ ဂလိုင်ဖိုဆိတ် ၆နာရီ)
  • မြေမျက်နှာပြင်ညီညာ၍ ရေသွင်းရေထုတ်ချိန်မှန်ကန်ရမည်။
  • ဆေးဖျန်းရာတွင် အသုံးပြုမည့်ရေသည်ကြည်လင်ရမည်။
  • သင့်တော်သော ဆေးဖျန်းခေါင်းသုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ်ဖျန်းဆေးအတွက် ယပ်တောင် ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကိုသုံးနိုင်သည်။
  • ဆေးတစ်မျိုးတည်းဆက်တိုက်သုံးစွဲပါက ပေါင်းသတ်ဆေးဒဏ်ခံနိုင်သော ပေါင်းမျိုးစိပ်များနှင့် နှိမ်နင်းရခက်သော ပေါင်းများပေါ်ပေါက်လာနိုင်သဖြင့် ဖြစ်နိုင်ပါက ဆေးအုပ်စုမတူသောဆေးကို ပြောင်းလဲသုံးစွဲပါ။
  • အချို့သောပေါင်းသတ်ဆေးအရောများသည် တစ်မျိုးတည်းသုံးခြင်းထက် ကျယ်ပြန့်စွာနှိမ်နင်းနိုင်ခြင်း ။ နှိမ်နင်းမှုအားကောင်းခြင်း၊ ဆေးနှုန်းထားလျော့ချနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ သို့ရာတွင် အချို့ ဆေးများရောခြင်းဖြင့် ဓာတ်မတည့်မှုကြောင့် သီးနှံပင်လောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရန် မိမိသဘောအလျောက် ရောစပ်ခြင်းမပြုသင့်ပါ။
  • ပေါင်းသတ်ဆေးဖျန်းပုံးသီးသန့်ထားရန်နှင့် မဖျန်းမီနှင့်ဖျန်းပြီးချိန်တွင်ဆေးဖျန်းပုံးကို သေ ချာစွာဆေးကြောပြီးမှ သုံးပါ။
  • ပေါင်းသတ်ဆေးဖျန်းရာတွင် ဖျန်းလိုသောနေရာ (မြေကြီး (သို့) ပေါင်းပင်ထိပ်ဖျားနှင့် ဆေးဖျန်းခေါင်းအကွာအဝေးတစ်ပေခြား၍ဖျန်းရမည်။
  • မြေဖျန်းပေါင်းသတ်ဆေးအသုံးပြုရာတွင် အစိုဓာတ်ရှိရန်လိုအပ်ပြီး မရှိပါက ဖျန်းပြီး ၁ ပတ်အတွင်း မိုးရေ (သို့) သွင်းရေ ရရန်လိုအပ်သည်။
  • ပေါင်းသတ်ဆေးသုံးစွဲမှုကြောင့် မြေဆီလွှာအားထိခိုက် ပျက်စီးမှု မရှိစေရန် နွားချေး ၊ သစ်စိမ်းမြေဩဇာ၊ အီးအမ်ဘိုကာရှီ အစရှိသော သဘာဝမြေဩဇာများထည့်သွင်း ပေးရန် လိုအပ်ပါသည်။

 

ပေါင်းသတ်ဆေးအန္တရာယ်ကင်းစွာသုံးစွဲနည်း

  • ဆေးအသုံးမပြုမီ အညွှန်းစာကို အမြဲတမ်းသေချာစွာဖတ်ပါ။
  • အကာအကွယ်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ဆင်ပါ။ အခြေခံအကာအကွယ်ဝတ်စုံတွင် ရာဘာဖိနပ်၊ ဘောင်းဘီရှည်၊ အင်္ကျီရှည် လက်ရှည်၊ ရာဘာလက်အိတ်တို့ပါဝင်ရမည်။ ဆေးဗူးဖွင့်စဉ်နှင့် လောင်းထည့်ခြင်းရောနှောခြင်းများပြုလုပ်စဉ်တွင်လည်းမျက်နှာအစွပ်ကို တပ်ဆင်သင့်သည်။
  • ဆေးမှုန့်နှင့် ဆေးငွေ့များရှုရှိုက်မိခြင်း (သို့) ဆေးစက်လွင့်စင်ခြင်းမဖြစ်ရန်ရှောင်ရှားပါ။
  • ဆေးဖျန်းနေစဉ် အစာစားခြင်း၊ အရည်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းမပြုရ။ ဆေးသုံးပြီးနောက် လက်၊မျက်နှာ နှင့် ဆေးထိတွေ့သောအရေပြားအားဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးဖျန်းကိရိယာအား ဆပ်ပြာနှင့်ရေများနှင့် သေချာစွာဆေးကြောပါ။
  • ပေါင်းသတ်ဆေးအားမူလထည့်ထားသည့်အတိုင်း လေဝင်လေထွက်ကောင်းသောနေရာတွင် သော့ခတ်သိမ်းဆည်းထားပါ။
  • အစားအစာ၊ ပင်ပိုင်းအစိတ်အပိုင်းများ၊ ဓာတ်မြေသြဇာ (သို့) အခြားလယ်ယာသုံးဓာတုပစ္စည်းများနှင့် အခြား ဖြည့်စွက် ပစ္စည်းများအနီးတွင်မသိုလှောင်ရပါ။
  • ဆေးအပိုများကို ရေသွင်းမြောင်းအနီးတွင် မစွန့်ပစ်ရပါ။
  • သုံးပြီး​သ​ော ဘူးခွံများကို ကျင်းနက်နက်တူး၍ စွန့်ပစ်ကျင်းထဲသို့ စွန့်ပစ်ပါ။ စွန့်ပစ်ရာတွင် အခြားနည်းလမ်းဖြင့် ပြန်လည် အသုံးမပြုနိုင်ရန် ထုချေဖျက်ဆီးပါ။
  • ဘူးခွံများကို မီးမရှို့ရပါ။

ပေါင်းဆိုသည်မှာအဘယ်နည်း။

အနှောက်အယှက်ပေးသည့်အပင်၊ မလိုသည့်နေရာတွင်ပေါက်သည့်အပင်၊ လူနှင့်တိရစ္ဆာန်တို့၏ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများအား မကောင်းကျိုးသက်ရောက်စေသည့်အပင်ဟူသမျှကိုပေါင်းပင်ဟု ခေါ်ဆိုနိုင်ပါသည်။

 

ပေါင်းပင်၏ကောင်းကျိုး /ဆိုးကျိုး
ပေါင်းအမျိုးအစားခွဲခြားခြင်း
ပေါင်းသတ်ဆေး၏အဆိပ်ရှိပစ္စည်းအမည်များနှင့် အသုံးပြုနိုင်သောသီးနှံများ

သီ:နှံအလိုက်အသုံးပြုနိုင်သောပေါင်းသတ်ဆေး၏အဆိပ်ရှိပစ္စည်းအမည်များနှင့် နှိမ်နင်းနိုင်သောပေါင်း