Paleik Rodenticide Formulation Plant

ကြွက်သတ်ဆေးစက်ရုံ သမိုင်းကြောင်း

(က)    ၁၉၈၄-၈၅      ပလိပ်၊ ဆားလုပ်ငန်းကော်ပိုရေးရှင်းထံမှ မြေနှင့်အဆောက်အဦး လွှဲပြောင်း ရယူခဲ့ပါသည်။

(ခ)     ၁၉၈၆-၈၇      ဂျာမဏီအစိုးရနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ တမာပိုးသတ်ဆေးစက်ရုံ တည်ဆောက်ခြင်း (UNDP/FAO) တို့နှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဇီဝနည်းဖြင့် သီးနှံကာကွယ်ရေး လုပ်ငန်းကို တည်ထောင်ဆောင်ရွက်ခဲ့ပါသည်။

(ဂ)     ၁၉၉၅-၉၆      အသင့်သုံး ကြွက်သတ်ဆေးများ ထုတ်လုပ်နိုင်ရေး စတင်စမ်းသပ်ခဲ့ပါသည်။

(ဃ)    ၁၉၉၆-၉၇      အသင့်သုံးကြွက်သတ်ဆေးများ စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသည်။

(င)     ၁၉၉၇-၉၈      တမာပိုးသတ်ဆေးစက်ရုံမှ ခွဲထွက်ကာ အသင့်သုံးကြွက်သတ်ဆေး ထုတ်လုပ်ရေးအလုပ်ရုံ တည်ဆောက်ပြီး ယနေ့ထိ ထုတ်လုပ်ဖြန့်ဖြူးလျှက် ရှိပါသည်။

တည်နေရာနှင့် အကျယ်အဝန်း

မန္တလေးမြို့တောင်ဘက် (၁၅)မိုင်အကွာ ရန်ကုန်-မန္တလေးကားလမ်း (အဟောင်း)နှင့် မီးရထားလမ်းဆုံရာ၊ ပလိပ်သံလမ်းမှတ်တိုင်၏ အနောက်မြောက်ဘက် တမာပိုးသတ်ဆေး ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ တည်ရှိပါသည်။ တည်နေရာနှင့် အကျယ်အဝန်းအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က)    တည်နေရာ

ကွင်းအမှတ်/အမည်             –        ၁၅ဃ/ပလိပ်အရှေ့ကွင်း

ကျေးရွာခွဲ/ကျေးရွာအုပ်စု      –        ပလိပ်ကားဆိပ်/ပလိပ်အုပ်စု

မြို့နယ်အမည်                    –        စဉ့်ကိုင်

မြောက်လတ္တီတွဒ်                –        ၂၀°၃၉’-၂၁°၅၀’

အရှေ့လောင်ဂျီတွဒ်              –        ၉၇°၅၇’

ပင်လယ်ရေမျက်နှာပြင်         –        ၃၀၅ ပေ

ထိစပ်နယ်နမိတ်

အရှေ့ဘက်                        –        ရန်ကုန်-မန္တလေးမီးရထားလမ်း

အနောက်ဘက်                   –        တမာပိုးသတ်ဆေးစက်ရုံ(ရွှေသီးနှံ)

တောင်ဘက်                      –        တမာပိုးသတ်ဆေးစက်ရုံ(ရွှေသီးနှံ)

မြောက်ဘက်                      –        တိုးချဲ့ဝန်ထမ်းကွက်သစ်

(ခ)     အကျယ်အဝန်း

အရှေ့-အ​နောက်                 –        ၂၈၈ ပေ

တောင်-မြောက်                   –        ၄၂၅ ပေ

ဧရိယာ(ဧက)                     –        ၂.၈၁ ပေ

ဆက်သွယ်ရန်လိပ်စာ

အသင့်သုံးကြွက်သတ်ဆေး ထုတ်လုပ်ရေးဌာနစိတ်

ပလိပ်-စဉ့်ကိုင်မြို့နယ်

၀၆၆-၂၀၄၂၄၆၄ / ၀၉-၇၉၇၃၄၁၂၄၃

ထုတ်လုပ်သည့်ကြွက်သတ်ဆေး(ai)

မန္တလာ(၁) (ai)                            –        Coumatetralyl (0.0375%)

မန္တလာ(၂) (ai)                             –        (Bromadiolone (0.25 %)

ထုတ်လုပ်သည့်ပမာဏ

(၁)နှစ်လျှင် မန္တလာ(၁) (၂၀၀ ဂရမ်)  –        ၂၅၀၀၀ ဗူး

(၁)နှစ်လျှင် မန္တလာ(၂) (၁၅၀ ဂရမ်)  –        ၂၅၀၀၀ ဗူး

 

စျေးနှုန်း

(၁)ဗူးလျှင် (၃၅၀)ကျပ်နှုန်း

အသုံးပြုပုံ
မန္တလာ(၁) မန္တလာ(၂)
ကြွက်(၁)မြုံ (၇)ခဲ – (၂)ကြိမ် (၁၀) ခဲ – (၁)ကြိမ်
ဝယ်ယူရရှိနိုင်မည့်နေရာ

အသင့်သုံးကြွက်သတ်ဆေးစက်ရုံ ပလိပ်-စဉ့်ကိုင်မြို့နယ်။