ဓါတ်ခွဲခန်း၏ ရည်ရွယ်ချက်များ
- စိုက်ပျိုးသီးနှံထွက်ကုန်များ အရည်အသွေးပြည့်မှီ၍ ဘေးဥပါဒ်ကင်းရှင်းရေး ဓါတ်ခွဲစစ်ဆေးပေးရန်။
- မြန်မာနိုင်ငံ စားသောက်ကုန်စံချိန်စံညွှန်း အကောင်အထည်ဖော်ရေးနှင့် ဓါတ်ကြွင်းထိန်းချုပ်မှုများ၊ မှိုဆိပ်ထိန်းချုပ်မှုများ၊ အဆိပ်သင့်သတ္တုဓါတ်များ ထိန်းချုပ်မှုများအတွက် အထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်။
- စိုက်ပျိုးသီးနှံ ထွက်ကုန်များ တင်ပို့ရောင်းချခြင်း၊ တင်သွင်း ဖြန့်ဖြူးခြင်းတွင် ဓါတ်ခွဲစစ်ဆေး ထောက်ခံချက်များ ပံ့ပိုးပေးနိုင်ရန်။
- စိုက်ပျိုးသီးနှံထွက်ကုန်များ၏ အရည်အသွေးအာမခံချက်များနှင့် ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအား နည်းပညာအားဖြင့် အထောက်အပံ့ပေးနိုင်ရန်။
သီးနှံထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်း မှ လက်ရှိဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းဆောင်တာ များ
- စျေးကွက်အတွင်း စံ မညီ စိုက်ပျိုးသီးနှံထွက်ကုန်များ နှင့် စားသုံးဆီများ ပပျောက်ရေး အတွက်အခြားဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အရည်အသွေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းပါဝင်ဆောင်ရွက်နေခြင်း။
- စိုက်ပျိုးသီးနှံများနှင့် စားသုံးဆီများဓါတ်ခွဲရာတွင် ဘေးဥပါဒ်ကင်းမှု Food Safety Parameters များ၊ အရောအနှော Identification Parameters များ၊ အရည်အသွေးဆိုင်ရာ Quality Parameters များ စစ်ဆေးခြင်း စသော ဓါတ်ခွဲစမ်းသပ်မှု အမျိုးအစား ပေါင်း (၂၁) မျိုး အားတိုင်းတာ စစ်ဆေးပေးနေခြင်း။
- နိုင်ငံတကာ စိုက်ပျိုးသီးနှံများ အဆင့်အတန်း စံချိန်စံညွှန်းများအတိုင်း ဘေးအန္တရာယ်ကင်းသော ပြည်တွင်း စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ရေးကိုဓါတ်ခွဲစစ်ဆေးပေးခြင်းအားဖြင့်ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်း။
ဓါတ်ခွဲကျွမ်းကျင် သင်တန်းများ
ဘေးအန္တရာယ်ကင်းသော အစားအစာများစားသုံးနိုင်ရေး၊ တင်ပို.ရောင်းချနိုင်ရေးအတွက်ဓါတ်ခွဲစစ်ဆေးပေးနိုင်ရန် နိုင်ငံတကာအကူအညီများရယူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ရန်လိပ်စာ–
မျိုးစေ့၀င်း(စိုက်ပျိုးရေးဦးစီးဌာန)
ကြို့ကုန်း- အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်+ ၉၅၁- ၃၆၄၆၂၉၄
အီးမေလ်- khin7915@gmail.com