အပင်ရောဂါဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်များ
၁။ သီးနှံရောဂါကျရောက်မှုကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း။
၂။ ရောဂါကျဒေသများသို့ ကွင်းဆင်းစစ်ဆေးခြင်း။
၃။ ပြည်နယ်/တိုင်းဒေသကြီးများမှ ပေးပို့သော ရောဂါကျအပင်အစိတ်အပိုင်းများအား ဓာတ်ခွဲခန်း အတွင်း မွေးမြူစစ်ဆေးခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ ကာကွယ်နှိမ်နင်းနည်းများကို ပြန်ကြားခြင်း။
၄။ ရောဂါများစာရင်း(Pest List) ကို စာရင်းပြုစုမှတ်တမ်းတင်နိုင်ရန် ရောဂါစစ်တမ်း ကောက်ယူခြင်း လုပ်ငန်း (Surveillance) ဆောင်ရွက်ခြင်း။
၅။ ပြည်ပမှတင်သွင်းသည့် အပင်နှင့်အပင်ထွက်ပစ္စည်းများနှင့်အတူ ရောဂါများ၊ ရောဂါဖြစ်စေသက်ရှိ များ မပါရှိစေရေးအတွက် ဖျက်ပိုးအန္တရာယ်ဆန်းစစ်လေ့လာခြင်း လုပ်ငန်း များ ဆောင်ရွက်ခြင်း။
၆။ ပြည်ပသို့တင်ပို့သည့် အပင်နှင့်အပင်ထွက်ပစ္စည်းများအတွက် ဖျက်ပိုးအန္တရာယ်ဆန်းစစ်လေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖျက်ပိုးသတင်းအချက်အလက်များ စုဆောင်းပြင်ဆင်ခြင်း။
၇။ Specimen-based plant disease herbaria အတွက် ပြည်နယ်/တိုင်းဒေသကြီးများမှ စုဆောင်း ပေးပို့သော ရောဂါကျနမူနာများအား အမျိုးအစားခွဲခြားစစ်ဆေးခြင်း မှတ်တမ်း ပြုစု ခြင်း။
၈။ ပြည်ပပို့ကုန်သီးနှံများ Phytosanitary Certificate အားထုတ်ပေးရာတွင် ရောဂါဖြစ်စေ သက်ရှိများ ပါဝင်မှု ရှိ/မရှိ (Additional declaration) ထောက်ခံချက် ထုတ်ပေးနိုင်ရန်နှင့် ပြည်ပမှ တင်သွင်းသော အပင်အင်္ဂါအစိတ်အပိုင်းများအား ရောဂါပါဝင်မှု ရှိ/မရှိ ထောက်ခံ ချက်ပေးနိုင်ရန် ဓာတ်ခွဲခန်းစစ်ဆေးမှု များ ဆောင်ရွက်ခြင်း။
၉။ ပြည်နယ်/တိုင်းဒေသကြီးများမှ မျိုးစေ့ဆောင်ရောဂါပါဝင်မှုစစ်ဆေးရန် ပေးပို့သော သီးနှံမျိုးစေ့နမူနာ များအား ဓာတ်ခွဲခန်းတွင် မွေးမြူစစ်ဆေးပြီးမှတ်တမ်းပြုစုခြင်း၊ ကြိုတင် ကာကွယ်နိုင်သော နည်းလမ်း များနှင့် တကွပြန်ကြားခြင်း။
၁၀။ ပညာပေးဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ သင်တန်းများပို့ချခြင်း။
၁၁။ မျိုးစေ့ဆောင်ရောဂါများ အမျိုးအစားခွဲခြားခြင်းစာတွေ့လက်တွေ့သင်တန်းပို့ချခြင်း။
၁၂။ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ Experimental Registration ရရှိပြီးသော ရောဂါ သတ်ဆေးများအား Bio-efficacy test trial များ ဆောင်ရွက်ရာတွင် ကြီးကြပ်ခြင်း။
၁၃။ အပင်ရောဂါဆိုင်ရာနည်းပညာ၊ စာစောင်၊ သင်တန်းမှတ်စုများပြုစုခြင်း။
၁၄။ ရောဂါသတ်ဆေးများ မှတ်ပုံတင်ခြင်းဆိုင်ရာနည်းပညာအချက်အလက်များစီစစ်ခြင်း။
အပင်ရောဂါဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်များ
- သီးနှံရောဂါကျရောက်မှုကြိုတင်သတိပေးချက်များထုတ်ပြန်ခြင်း
- ကွင်းဆင်းစစ်ဆေးခြင်းမှတ်တမ်းများ
- ဓာတ်ခွဲခန်းအတွင်းမွေးမြူစစ်ဆေးခြင်း၊ အမျိုးအစားခွဲခြားခြင်း
- စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ
- ဖျက်ပိုးအန္တရာယ်ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများ
- သီးနှံရောဂါများကို နမူနာနှင့် တကွစုဆောင်းထိန်းသိမ်းခြင်း
- မျိုးစေ့ဆောင်ရောဂါပါဝင်မှုစစ်ဆေးခြင်း
- ပညာပေးဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ သင်တန်းများပို့ချခြင်း
- မျိုးစေ့ဆောင်ရောဂါများအမျိုးအစားခွဲခြားခြင်းစာတွေ့လက်တွေ့သင်တန်းပို့ချခြင်း
- အပင်ရောဂါဆိုင်ရာနည်းပညာ၊ စာစောင်၊ သင်တန်းမှတ်စုများပြုစုခြင်း
- စမ်းသပ်ကွက် (Bio-efficacy test trial) များ ဆောင် ရွက်ရာတွင် ကြီးကြပ်ခြင်း
နည်းပညာများ
သီးနှံအလိုက် ကျရောက်တတ်သောရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
သီးနှံကာကွယ်ရေးနည်းပညာအပလီကေးရှင်းတွင် သီးနှံ (၂၅) မျိုး၌ ကျရောက် သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ အသုံးပြုရန်ပိုးသတ်ဆေးများ ကို ဖေါ်ပြထားပါသည်။ ဤ Website ၏ Home Page တွင် Download ရယူကာ အသုံးပြုနိုင်ပါသည်။
Diseases List
- Banana Fruit in MM
- Chilli Pests in MM
- Citrus Fruit in MM
- Corn Pests in MM
- Crucifer Pests in MM
- Cut Flower in MM
- Durian Fruit in MM
- Groundnut Pests in MM
- Mango Pests in MM
- Oil Palm Pests in MM
- Potato Tuber Pests in MM
- Pulses Pests in MM
- Rice Pests in MM
- Sesame Pests in MM
- Sunflower Pests in MM
- Tomato Pests in MM
ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် ပိုးသတ်ဆေးအသုံးပြုမှုစစ်တမ်းကောက်ယူခြင်း
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ် ရေးဌာနခွဲနှင့် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာန (IRRI ) တို့ ပူးပေါင်းဆောင်ရွက်သည့် (ADSP) စီမံကိန်းတွင်ပါဝင်သော “Survey on Pest Management and Pesticide Use ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် ပိုးသတ်ဆေးအသုံးပြုမှု စစ်တမ်းကောက်ယူခြင်း ” လုပ်ငန်း အား ပဲခူးတိုင်း ၊ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ် တို့တွင် (၁၇-၂-၂၀၂၀ မှ ၂၆-၂- ၂၀၂၀ ထိ) အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။ စီမံကိန်းဝင် ဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တိုင်းဒေသကြီးတို့တွင် ယခု ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။