SPS Inquiry Point အကြောင်း

Myanmar SPS Inquiry Point မှကြိုဆိုပါတယ်

  • အစားအစာ လုံခြုံစိတ်ချရရေးနှင့် အပင်ရောဂါပိုးမွှား ကင်းရှင်းကြောင်းဆိုင်ရာ အစီအမံ သတင်းအချက်အလက်များ စုံစမ်းရေးရုံးခန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ     ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၌ အမေရိကန်အစိုးရ၏  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (USAID-PSDA Project) ၏ အကူအညီဖြင့် (၂၉-၃-၂၀၁၈) နေ့တွင် စတင်တည်ထောင်  ဖွင့်လှစ်နိုင်ခဲ့ပါသည်။
  • မိမိနိုင်ငံတွင်း အဖွဲ့အစည်းများနှင့် အခြား WTO အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းစုံစမ်းလာသော လူ၊ တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မေးခွန်း အချက်အလက်များအား ဖြေကြားပေးနိုင်မည် ဖြစ်ပါသည်။
  • ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများ အချင်းချင်း လွတ်လပ်ပွင့်လင်းသော ဆက်ဆံမှုများဖြင့် ပိုမို ကောင်းမွန်သော ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များ အသင့်ရရှိနိုင်မည် ဖြစ်၍  ပြည်ပ ပို့ကုန်/သွင်းကုန် နှစ်ခုလုံး အတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့တိုးတက်လာစေမည် ဖြစ်ပါသည်။
  • ဤရုံးခန်းသည် Information Centre ဖြစ်သည့်အားလျော်စွာ မိမိနိုင်ငံတွင်းနှင့် နိုင်ငံတကာ မှ စီးပွါးရေးလုပ်ငန်းရှင်ကုန်သည်များမှ မြန်မာနိုင်ငံအပါအဝင် အခြားသော WTO အဖွဲ့ဝင် နိုင်ငံများ၏ လက်ရှိကျင့်သုံး   နေသော ဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများ၊ Certificate နှင့် ထောက်ခံချက် လုပ်ငန်းလိုင်စင်ရရှိရေးလုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များ တောင်းဆိုမေးမြန်း ရရှိနိုင်စေမည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံဆိုင်ရာ အစားအစာလုံခြုံစိတ်ချရရေးနှင့်အပင်ရောဂါပိုးမွှားကင်းရှင်းကြောင်း ဆိုင်ရာအစီအမံသတင်းအချက်အလက်များစုံစမ်းရေးရုံးခန်းမှအောက်ဖော်ပြပါသတင်းအချက်အလက်များရရှိနိုင်ပါသည်။

  • မြန်မာနိုင်ငံတွင် လူ၊ တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ လက်ရှိကျင့်သုံးနေသော (သို့) အတည်ပြုဆဲဖြစ်သော ဉပဒေ၊ လုပ်ထုံး လုပ်နည်းများ
  • မြန်မာနိုင်ငံတွင် အတည်ပြုပြီးဖြစ်သော လူ၊တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် ပတ်သက် သောစစ်ဆေးခြင်း၊ ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊   quarantine ဆိုင်ရာ ဆေးစီရင်မှုများ၊ အစာအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပိုးသတ်ဆေးတာရှည်ခံမှု၊ အစားအစာ များ ကြာရှည်ခံရန် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ပတ်သက်သော အချက်အလက်များ
  • မြန်မာနိုင်ငံမှ အခြား WTO အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရာတွင် လူ၊ တိရိစ္ဆာန်၊ အပင်ကျန်းမာရေး နှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ လိုအပ်ချက်များ
  • မိမိနိုင်ငံတွင်းနှင့် နိုင်ငံတကာလူ၊ တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာအဖွဲ့အစည်းတို့တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်စေရေး
  • SPS Agreement မူဘောင်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ထားသော နိုင်ငံအတွင်း (သို့) နိုင်ငံများအချင်းချင်း သဘောတူညီချက်၊ စီမံခန့်ခွဲမှုများ

Myanmar SPS Enquiry Point and Information Center ၏အခြားလုပ်ငန်းတာဝန်များ

  • မိမိနိုင်ငံတွင်း လူ၊တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ဆောင်ရွက်ချက်များဖြင့် စီးပွါးရေးလုပ်ငန်းရှင် ကုန်သည်များအတွက် ပိုမိုတိုးတက်ကောင်းမွန်သော အဆင့်တစ်ခု ရောက်ရှိစေရန်
  • Portal  များတွင် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့်  WTO/ASEAN   အဖွဲ့ဝင်နိုင်ငံများသို့  လူ၊တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ  သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် မိမိနိုင်ငံမှ ပို့ကုန်များ တင်ပို့ရာ၌ ပိုမိုတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်
  • လူ၊တိရိစ္ဆာန်၊ အပင်ကျန်းမာရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး (SPS ) ဆိုင်ရာ သတင်းအချက်အလက်များ စုံစမ်းရေး Central Contact Point အဖြစ် တာဝန်ယူ၍ အခြားသောဝန်ကြီးဌာနများမှ SPS Contact Points များနှင့် ဆက်သွယ်ဆောင်ရွက်ရန်