ငါးလုပ်ငန်းဦးစီးဌာန

ရေထွက်ကုန်ပစ္စည်းများ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအတွက် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများ

အနှစ်ချုပ်

ရေထွက်ကုန်ပစ္စည်းများ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအတွက် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စီမံကိန်းအမှတ် TCP/MYA/3401 “ငါးနှင့် ရေထွက်ကုန်ပစ္စည်းများအတွက် ဈေးကွက်မြှင့်တင်မှုဆိုင်ရာ စွမ်းရည်တည်ဆောက်ခြင်း” ၏ အောက်တွင် ၎င်းတို့၏ ဘဏ္ဍာရေးနှင့် နည်းပညာပံ့ပိုးမှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် ပြင်ဆင်ပေးခြင်းဖြစ်သည်။ဤနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်း များ၏ အဓိက ရည်ရွယ်ချက်မှာ အစားအစာစတင်ထုတ်လုပ် သည့်နေရာမှစတင်ကာ အစားအစာ ကွင်းဆက်တစ်ခုလုံးအတွက် သင့်လျော်သည့် အစားအစာ ထိန်းချုပ်မှုစနစ်များ ထူထောင် ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ငါးနှင့် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ဝင်ဆံ့နိုင်မှုမြင့်မားစေရန် ရည်ရွယ်ပါသည်။
ဤနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများ၏ ဥပဒေအခြေခံမှာ ၁၉၉၀ ပြည့်နှစ်၊ ဧပြီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာပင်လယ် ငါးလုပ်ငန်းဥပဒေအပေါ်တွင် အခြေခံပါသည်။ အဆိုပါဥပဒေ အရ ငါးလုပ်ငန်းကဏ္ဍတွင် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားချက်များ၊ စံနှုန်းများ၊ စည်းမျဉ်းများ စသည်တို့ကို ချမှတ်ရန် အခွင့်အာဏာရှိပြီး လိုအပ်လျင် သင့်လျော်သည့် အရေးယူမှုများ လည်း ပြုလုပ်နိုင်သည်။

ဤ နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို အဓိကအားဖြင့် ဥရောပသမဂ္ဂ၏ လိုအပ်ချက်များ ပေါ်တွင် မူတည်ကာ ရေးဆွဲထားခြင်းဖြစ်သော်လည်း အခြားအဓိက ကုန်ပစ္စည်းတင်သွင်းသည့်နိုင်ငံ များ၏ လိုအပ်ချက်များကိုလည်း ဤစည်းမျဉ်းများ မူကြမ်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားထားပါ သည်။ ထို့ပြင်အစားအစာကွင်းဆက်တွင် ပါဝင်သူများအားလုံး အစားအစာလုံခြုံစိတ်ချရမှုရှိစေရန် ထိန်းချုပ်မှုစနစ်အောက်တွင် ထားရှိနိုင်ရေးအတွက် “အစားအစာ ကွင်းဆက်တစ်ခုလုံးကို ချဉ်းကပ်ခြင်း” ကို ဤ စာတမ်းပြင်ဆင်စဉ်တွင် ပြုလုပ်ခဲ့ပါသည်။

စည်းမျဉ်း၏ ထင်ရှားသည့် အချက်အလက်များ

ဤစာတမ်းတွင်ပို့ကုန်လုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် သွင်းကုန်လုပ်ငန်းများအတွက် လိုအပ်ချက်များဟူ၍ နှစ်ပိုင်းပါရှိပါသည်။ ပို့ကုန်လုပ်ငန်းများအတွက် လိုအပ်ချက်များကို အခန်း သုံးခန်းခွဲ၍ ဖော်ပြထားပါသည်။ အခန်း-၁ တွင် စတင်ထုတ်လုပ်ခြင်းအပိုင်းအတွက် လိုအပ်ချက်များ ပါဝင်ပြီး အခန်း-၂ တွင် စတင် ထုတ်လုပ်ခြင်းအပြင် ဆင့်ကဲလုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ အခန်း-၃ တွင် အစိုးရထိန်းချုပ်မှုဆောင်ရွက်ချက်များ ပါဝင်မည်ဖြစ်ပါသည်။ သွင်းကုန်လုပ်ငန်းများ အတွက် လို အပ်ချက်များကို အခန်း-၄ တွင် ဖော်ပြမည်ဖြစ်ပါသည်။

(က) အခန်း ၁- ဤအခန်းတွင် အစားအစာ စတင်ထုတ်လုပ်မှုနှင့် ဆက်စပ် ဧရိယာနယ်ပယ်များကို ထိန်းချုပ်ခြင်းအပိုင်းကို အသားပေးဖော်ပြထားပါသည်။ ဤအပိုင်းတွင် စည်းမျဉ်း EC No. 852/2004 ၏ လိုအပ်ချက်အပေါ် အခြေခံပြီး သားပေါက်ရာနေရာများအတွက် အထူးလိုအပ်ချက်များ၊ မွေးမြူရေးခြံများ၊ အစာစက်ရုံများ၊ သိုလှောင်ရုံများ၊ ကုန်ပစ္စည်း အတင်အချပြုလုပ်ရာ နေရာများ၊ ရောင်းချစရာ ခန်းမများ၊ စသည်တို့ပါဝင်မည်ဖြစ်သည်။ ညွှန်ကြားချက်အမှတ် No. 2006/88/EC နှင့် ညွှန်ကြားချက်အမှတ် No. 2008/53/EC ၏ လိုအပ်ချက်များ၊ OIE ၏ ရေနေသတ္တဝါများ၏ ကျန်းမာရေး သတ်မှတ်ပြဋ္ဌာန်းချက်နှင့် ဥရောပ အစာထုတ်လုပ်သူများလမ်းညွှန် ၂၀၀၉ တို့ကို စံနှုန်းများချမှတ်ရာတွင် ထည့်သွင်းစဉ်းစားခဲ့ပါသည်။

(ခ) အခန်း ၂ နှင့် ၃- အခန်း ၂ တွင် စီးပွားရေးလုပ်ကိုင်သူ၏ တာဝန်များနှင့် အခန်း ၃ တွင် သက်ဆိုင် ရာအာဏာပိုင်အဖွဲ့၏ တာဝန်များကို 29.04.2004 တွင် ပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်း EC No. 853/2004 ၏ လိုအပ်ချက်များအရ အဓိက ညွှန်းဆိုဖော်ပြထားသည်။ သို့သော် “အာဆီယံ ဘုံမူဝါဒများနှင့် လိုအပ် ချက်များ”၊ “တရုတ်နိုင်ငံ၏ အမျိုးသားစံနှုန်း (GB/T 23871-2009) ၊ ၂၀၀၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် AVA ၏ အစားအစာရောင်းချခြင်း ဆိုင်ရာ အက်ဥပဒေ၊ အကောက်ခွန်သမဂ္ဂ၏ နည်းစနစ်ပိုင်းဆိုင်ရာစည်းမျဉ်းများ (TR CU 021/2011)၊ ဖက်ဒရယ် အစားအစာ၊ ၁၉၃၈ တွင် ပြဋ္ဌာန်းခဲ့သော ဆေးဝါးနှင့် အလှကုန် အက်ဥပဒေ (The Act)၊ ပြန်လည်ပြင်ဆင်ခဲ့သော (21 USC 301-392) ၊ ငါးနှင့် ရေထွက်ကုန်ပစ္စည်းများ ထိခိုက်နိုင်ခြေများနှင့် ထိန်းချုပ်ရေးလမ်းညွှန်တို့ကို စည်း မျဉ်းများချမှတ်ရာတွင် ထည့်သွင်းစဉ်းစားခဲ့ပါသည်။

ထို့အပြင် ရေထွက်ကုန်ပစ္စည်းများကို တင်ပို့မှုကို ပြန်လည်ခေတ်မီစေရန် အခန်း ၂ ၏ စာပိုဒ် ၁.၄.၃ တွင် အနိမ့်ဆုံးလိုအပ်ချက်များကို အသေးစိတ်ဖော်ပြထားပါသည်။ အဓိကအားဖြင့် ကောင်စီ ညွှန်ကြားချက်များ၊ 96/23/EC နှင့် 2008/53/EC ၏ လိုအပ်ချက်များနှင့်အညီ ဖော်ပြထားခြင်းဖြစ်ပါ သည်။ ငါးအရှင်များကို တင်ပို့ခြင်းနှင့် စပ်လျဉ်းပြီး အခန်း ၂၊ အပိုဒ် ၁.၆ တွင် ဖော်ပြထားပါသည်။ ကောင်စီညွှန်ကြားချက် 2006/88/EC နှင့် 2008/53/EC ၊ FAO ၏ သက်ရှိရေနေသတ္တဝါများကို တာဝန်ယူမှုရှိသော ပြောင်းရွှေ့မှုအတွက် ကျန်းမာရေးစီမံခန့်ခွဲမှုအပေါ် အာရှဒေသတွင်း နည်းစနစ် ပိုင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအချက်များကို လိုက်နာပြီး ဖော်ပြထားခြင်းဖြစ်ပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများအတွက် ရေနှင့် ရေခဲစစ် ဆေးခြင်းဆိုင်ရာ ကန့်သတ်ချက်များကို အပိုဒ် ၁.၅.၃ တွင် သီးခြားစီ ဖော်ပြထားပါသည်။ သို့သော် လည်း ဥရောပသမဂ္ဂမှ ရေနှင့် ရေခဲကို အတည်ပြုသောအပိုင်းမှာ EC ညွှန်ကြားချက် 98/83/EC အရ စစ်ဆေးရန် အခွင့်ပေးထားပြီး အီးယူအဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများတွင် သောက်သုံးနိုင်သည့် ရေအတွက် ကွဲပြားသည့် စံနှုန်းများ ရှိနေပါသည်။ ထို့ကြောင့် အီးယူအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ အတွက် အာဆီယံလိုအပ်ချက်များကို အဆိုပြုတင်ပြထားပါသည်။

အပိုဒ် ၁.၅.၁၁ တွင်ဖော်ပြထားသော အညွှန်းစာများအတွက် လိုအပ်ချက်များသည် ကော်မရှင် ညွှန်ကြားမှု No. 2000/13 ၊ ညွှန်ကြားမှု No 2000/104 တို့နှင့် အညွှန်းစာတပ်ရန် အာဆီယံ လိုအပ်ချက်များနှင့် USFDA လိုအပ်ချက်များအပေါ်တွင် အဓိက အခြေခံထားပါသည်။

အီးစီ စည်းမျဉ်းနံပါတ် No.852/2004 တွင် အခြေခံထုတ်လုပ်မှုဧရိယာများခွင့်ပြုချက်ကို မဖော်ပြထားသော်လည်း အဆိုပါနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းသည် ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုတွင် စတင်ထုတ်လုပ်မှုနှင့် အခြား ဆက်စပ်ဧရိယာများကို ဖော်ပြထားပြီး အဆိုပါထုတ်ကုန် များကို ငါးစစ်ဆေးမှုနှင့် အရည်အသွေးထိန်းချုပ်မှုဌာန (FIQCD) ၊ အမျိုးသား သက်ဆိုင်ရာ အာဏာပိုင် (NCA) တို့က စစ်ဆေးအတည်ပြုသင့်သည်ဟု ဖော်ပြထားသည်။ နိုင်ငံခြားသို့ တင်ပို့ရန် ရေထွက်ကုန်များ ထုတ်လုပ်ရန် အဆောက်အအုံအတွက်ခွင့်ပြုချက်ကို NCA မှ ၈၅၄/၂၀၀၄ တွင် ဖော်ပြထားသည့် အဆင့်နှစ်ဆင့်ဖြင့် ခွင့်ပြုပေးရမည်ဖြစ်သည်။ ပထမဆင့်တွင် ယာယီခွင့်ပြုချက်ကို အခြေခံအဆောက်အအုံပစ္စည်းပစ္စယများကို ကျေနပ်လောက်ဖွယ်ရာ သုံးသပ်အကဲဖြတ်ချက်များ ပေါ်တွင်မူတည်ပြီး ပေးအပ်ရမည်ဖြစ်ပြီး အလုံးစုံခွင့် ပြုချက်ကို HACCP စစ်ဆေးမှုအောင်မြင်စွာ ပြီးဆုံးမှသာ ပေးအပ်ရမည်ဖြစ်သည်။ ကုန်ပစ္စည်းတင်ပို့မှု များကို အလုံးစုံခွင့်ပြုချက်ရရှိပြီးမှသာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

ခွင့်ပြုချက်ရရှိပြီးသည့် ပစ္စည်းပစ္စယများကို စစ်ဆေးမှုပြုလုပ်ရာတွင် အမျိုးသား သက်ဆိုင်ရာ သီးခြားအာဏာပိုင်အဖွဲ့အစည်းမှ စစ်ဆေးမှုအတွက် နမူနာပုံစံများကို ရေးဆွဲရမည်ဖြစ်သည်။ စစ်ဆေးမှု၊ ကြိမ်နှုန်း၊ အရွယ်အစားစသည်တို့ အတွက် နည်းလမ်းများကို စာတမ်း၏ နောက်ဆက်တွဲ-၇ တွင် ဖော်ပြထားသည်။ ထို့ပြင် အဓိက ကုန်ပစ္စည်းတင်သွင်းသည့် နိုင်ငံများ၏ ဓါတုဗေဒနှင့် ဇီဝဗေဒလိုအပ်ချက်များကို စာတမ်း၏ နောက်ဆက်တွဲ ၆ တွင် ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများသို့ တင်ပို့ရန် ကျန်းမာရေးထောက်ခံချက် လက်မှတ် ထုတ်ပေးမှု လုပ်ငန်းစဉ်သည် တင်သွင်းမည့်နိုင်ငံများ၏ လိုအပ်ချက်များပေါ်တွင် မူတည်သည်။ တင်သွင်းမည့်နိုင်ငံကကျန်းမာရေးထောက်ခံချက်လက်မှတ်ပုံစံဖော်ပြထားခြင်းမရှိပါက နောက်ဆက်တွဲ ၅တွင် ဖော်ပြထားသည့် ကျန်းမာရေးထောက်ခံချက်လက်မှတ် ပုံစံအမျိုးမျိုးအတိုင်း အသုံးပြုနိုင် သည်။
အခန်း ၄-ဤအခန်းတွင် ကုန်ပစ္စည်းတင်သွင်းမှုလုပ်ငန်းစဉ်များကို အသားပေးဖော်ပြထားပြီး အာဆီယံ နိုင်ငံများ၏ တင်သွင်းမှုလုပ်ငန်းစဉ်များနှင့် ဆင်တူသည်။ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းမည့် ရေထွက်ကုန်ပစ္စည်းများအတွက် တာဝန်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းတင်သွင်းရန် ရည်ရွယ်သည့် သွင်းကုန်လုပ်ငန်းရှင်သည် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးသည့် သက်တမ်းမကုန်သေးသည့် လိုင်စင်ရှိထားရန် လိုအပ်သည်။

လိုင်စင်ရ သွင်းကုန်လုပ်ငန်းရှင်သည် ငါးလုပ်ငန်းဦးစီးဌာနမှ မှတ်ပုံတင်ရှိသည့် နိုင်ငံခြားလုပ် ငန်းလုပ်ကိုင်သူ၏ အတည်ပြုချက်ဖြင့် ရေထွက်ကုန်ပစ္စည်းများကို တင်သွင်းနိုင်သည်။ နိုင်ငံခြား ကုမ္ပဏီ တည်ထောင်မှုများတွင် အဆိုပါနိုင်ငံ၏ သက်ဆိုင်ရာ သီးခြားအာဏာပိုင်က စစ်ဆေး အတည်ပြုပေးထားသည့် စက်ရုံရှိ အဆောက်အအုံများ၊ စက်ရုံသိုလှောင်ခန်းများ သို့မဟုတ် အအေးခန်းသိုလှောင်ရုံများသုံးမှသာ ငါးလုပ်ငန်းဦးစီးဌာနမှ မှတ်ပုံတင်ရရှိနိုင်မည်ဖြစ်သည်။

ရေနေသတ္တဝါအရှင်များကို တင်သွင်းရာတွင် FAO ၏ “သက်ရှိရေနေသတ္တဝါများကို တာဝန်ယူမှုရှိသော ရွှေ့ပြောင်းမှုအတွက် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အာရှဒေသတွင်း နည်းစနစ် ပိုင်းဆိုင်ရာ ညွှန်ကြားချက်များ” တွင် ဖော်ပြထားသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ် သည်။ အဆိုပါအခြေအနေတွင် သွင်းကုန်လုပ်ငန်းရှင်သည် နောက်ဆက်တွဲ ၄ တွင် ဖော်ပြထားသည့် ပုံစံအတိုင်း နိုင်ငံခြားသက်ဆိုင်ရာအာဏာပိုင်မှ ထုတ်ပေးသည့် ကျန်းမာရေးထောက်ခံချက် လက်မှတ်ကို တင်ပြရမည်ဖြစ်သည်။ အဆိုပါလက်မှတ်နှင့် အတူ အခြားဖော်ပြထားသည့် စာရွက် စာတမ်းများကိုလည်း တင်ပြရမည်ဖြစ်သည်။ လွှဲအပ်မည့် အဆိုပါသက်ရှိ ရေနေသတ္တဝါများအားလုံးကို ICS တာဝန်ရှိသူများက ရုပ်ပိုင်းဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန် သီးခြားခွဲထားရ မည်ဖြစ်သည်။ ဒဏ်ရာ အနာတရမရှိ၊ ပျက်စီးခြင်းမရှိ ကျန်းမာပြီး ရောဂါကင်းသောတိရစ္ဆာန်များ ကိုသာတင်သွင်းခွင့်ပြုမည်ဖြစ်သည်။

တင်သွင်းရန် ရည်ရွယ်သည့် ရေထွက်ကုန်ပစ္စည်းများအတွက် စံသတ်မှတ်ချက်များကို စည်းမျဉ်းမူကြမ်းတွင် သီးခြားသတ်မှတ်မထားပေ။ ညွှန်ကြားချက် ၃/၂၀၀၉၊ ဥပဒေစာရွက်စာတမ်းများ တွင် အမျိုးသား စံနှုန်းများကို သီးခြားသတ်မှတ်ထားပြီးဖြစ်သည်။

လူအများစားသုံးရန် ရေထွက်ကုန်များတင်သွင်းမှုအတွက် စံပြကျန်းမာရေးထောက်ခံချက် လက်မှတ်နှင့် ငါးအရှင်များတင်သွင်းမှုအတွက် နောက်ဆက်တွဲ ၃ နှင့် ၄ တွင် အဆိုပြုထားသည်။

နိဂုံး

စည်းမျဉ်းများကို ရေးဆွဲရာတွင် လက်ရှိအမျိုးသားအဆင့် စည်းမျဉ်းများသို့ ဆန့်ကျင်ဘက် ကိုးကားချက်များကိုလည်း ပေးခြင်းဖြင့် တတ်နိုင်သမျှ အကျယ်ပြန့်ဆုံးဖြစ်စေရန် ကြိုးပမ်းထားသည်။ ဤစာတမ်းသည် အစားအစာကွင်းဆက်တစ်ခုလုံးအတွက် အစားအစာလုံခြုံရေး ထိန်းချုပ်မှုများ တည်ဆောက်ရန် သက်ဆိုင်ရာ အာဏာပိုင်အတွက် အလွန်အသုံးဝင်နိုင်မည်ဖြစ်သည်။ ပါဝင် ပက်သတ်သူများအားလုံးလည်း ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် နိုင်ငံတကာလိုအပ်ချက်များကို နားလည်နိုင်သည့် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည်။

အမှာစာ

နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများသည် အစားအစာလုံခြုံမှု တည်ဆောက်ရာတွင်နှင့် နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ညီညွတ်မျှတမှုကို ဖော်ပြရာတွင် လည်း အရေးပါသည်။ SPS သဘောတူညီချက်တွင် စိတ်ကူးမိသည့်အတိုင်း အဖွဲ့ဝင်နိုင်ငံများသည်လည်း ၎င်းတို့၏ လူထုကို ကာကွယ်နိုင်စေရန် ကိုယ်ပိုင်စံနှုန်းများနှင့် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို ထူထောင်နိုင်ပေသည်။ သို့သော်ငြား ၎င်းတို့မှာ သန့်ရှင်းရေးနှင့် စိုက်ပျိုးရေးဆိုင်ရာပိုးမွှားကင်းမှုအတိုင်းအတာများ သဘောတူညီချက် မူဘောင် များအတွင်းတွင် ဖြစ်ရန်လိုအပ်သည်။ အဆိုပါ သဘောတူညီချက်၏ အရေးကြီးသည့် သဘော တရားမှာ ညီမျှမှုကို တည်ဆောက်ရာတွင်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် နိုင်ငံတကာစံနှုန်းများ၊ ညွှန်ကြားချက်များနှင့် သဟဇာတဖြစ်စေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရေထွက်ကုန်များ ပို့ကုန်၊ သွင်းကုန်အတွက် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများစာတမ်းသည် စီမံကိန်းအမှတ် TCP/MYA/3401 “ငါးနှင့် ရေထွက်ကုန်ပစ္စည်းများအတွက် ဈေးကွက်မြှင့်တင်မှုဆိုင်ရာ စွမ်းရည်တည်ဆောက်ခြင်း”၏ အောက်တွင် နိုင်ငံတကာလိုအပ်ချက်များကို အခြေခံ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွက် ပြင်ဆင်ထားခြင်းဖြစ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေနှင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် သင့်လျော်သည့် ထိန်းချုပ်မှုအတိုင်းအတာများကို ထူထောင်နိုင်ရန် လုပ်ငန်းစဉ်များကို ချမှတ်ထား သော်လည်း ရေထွက်ကုန်များ တင်ပို့နိုင်ရန် လိုအပ်ချက်များကို တိကျစွာပြဋ္ဌာန်းထားသော နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများမှာ အားနည်းလျှက်ရှိသည်။ ထို့ကြောင့် ကမာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က သက်ဆိုင်ရာအာဏာပိုင်များအတွက်သာမကပဲ ရေထွက်ကုန်များ တင်သွင်း၊ တင်ပို့ရန် လုပ်ဆောင်နေသည့်သူအားလုံးအတွက် အကျိုးများစွာဖြစ်ထွန်းစေမည့် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်ပေးနိုင်ရန် ကူညီမှုများချဲ့ထွင်ပေးခဲ့သည်။ ဤလက်စွဲလမ်းညွှန်က ပင်လယ်စာလုပ်ငန်းက ပို့ကုန်သမားများအတွက်သာမက သွင်းကုန်သမား များအတွက်ပါ ကိုးကားစရာကောင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ ဤနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကိုအခြေခံပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က အစားအစာထိန်းချုပ်မှုစနစ်များအတွက် စည်းကမ်းသတ်မှတ်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်သည်။ ထို့အပြင် ဤစည်းမျဉ်းများက မြန်မာနိုင်ငံကို ၎င်းတို့၏ ရေထွက်ကုန်များအတွက် နိုင်ငံတကာဈေးကွက်ကို ပိုမိုချဉ်းကပ်နိုင်ရန် အလိုအလျောက်လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ငါးအရှင်များအတွက် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများတွင် သတ်မှတ်ထားသည့် သွင်းကုန်မူဝါဒသစ်သည် မြန်မာ့ ရေမြေတွင် တိုင်းတပါးမှ ပါလာသောရောဂါများ မဖြစ်ပေါ်လာစေရန် ကာကွယ်ပေး နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံက ငါးလုပ်ငန်းဦးစီးဌာန၏ ၀၃.၀၄.၂၀၀၉ တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြား ချက်အမှတ် ၃/၂၀၀၉ တွင် အီးယူ၏ စည်းမျဉ်းများကို လက်ခံကျင့်သုံးစဉ်မှစ၍ ဤနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို အီးယူ၏ လိုအပ်ချက်များပေါ်တွင် မူတည်ကာ ရေးဆွဲပြင် ဆင်ထားခြင်းဖြစ်သည်။ သို့သော် အခြားအဓိက တင်သွင်းသည့်နိုင်ငံများဖြစ်သည့် တရုတ်၊ အမေရိကန်၊ ဂျပန်၊ အာဆီယံစသည့် နိုင်ငံများ၏ လိုအပ်ချက်များကိုလည်း လက်စွဲရေးဆွဲပြင်ဆင်ရာ တွင် ထည့်သွင်းစဉ်းစားခဲ့ပါသည်။
ဤလက်စွဲစာအုပ်က အခြေခံစားသောက်ကုန်ထုတ်လုပ်မှုမှ စတင်ကာ၊ လုပ်ငန်းဆောင်ရွက်မှု၊ ထိန်းသိမ်းမှုနှင့် ဖြန့်ဖြူးမှုစသည့် ရေထွက်ကုန်လုပ်ငန်း၏ အစားအစာကွင်းဆက်တွင်ပါဝင်မည့်သူ အားလုံးအတွက် လိုအပ်ချက်များကို့ သီးခြားအခန်း ကဏ္ဍများအလိုက် ဖော်ပြပေးထားသည်။
ကျွနု်ပ်အနေနှင့် ဤရေထွက်ကုန်များ သွင်းကုန်၊ ပို့ကုန် လက်စွဲစာအုပ်က မြန်မာနိုင်ငံရဲ့ ရေထွက်ကုန် ပို့ကုန် သွင်းကုန်လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲမှုများ အကောင်အထည်ဖော်ရာတွင် အသုံးဝင်သည့် စာတမ်းဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပစားသုံးသူများအတွက် လုံခြုံစိတ်ချ၊ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များအဖြစ် ဦးဆောင်နိုင်စေရေးအတွက် အသုံးဝင်မည်ဟု မျှော်လင့်မိပါသည်။

ဘွေသီလန်
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်