ရေထွက်ကုန်ပစ္စည်းများ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအတွက် နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများ

တကယ်တမ်းဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းသည် စားသုံးသူများကို ကမ္ဘာအနှံ့မှ အမျိုးမျိုးသော များပြားလှသည့် စားသောက်ကုန်များ ရရှိနိုင်သွားစေသည်။ အပြန်အလှန်အားဖြင့် အရည်အသွေးပို ကောင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကို တောင်းဆိုရန် ၎င်းတို့သတိထားမိလာကြ သည်။ စားသုံးသူများ၏ အစဉ်တိုးပွားလာနေသည့် တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ပြီး အမြဲတစေပြောင်းလဲနေသော နိုင်ငံတကာဈေးကွက်လိုအပ်ချက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် နိုင်ငံများအနေနှင့် သင့်လျော်သည့် နိုင်ငံတော်အဆင့်စည်းမျဉ်းများကို အစဉ်တိုးတက်နေစေရန် လုပ် ဆောင်နေရသည်။ သို့မှသာ အရည်အသွေးကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာလိုအပ်ချက်များကို ပြည့်မီနိုင်မည်ဖြစ်သည်။ သည်လို တင်းကျပ်သည့် အမျိုးသားအစားအစာလုံခြုံရေးစည်းမျဉ်းများသည် ၎င်းတို့နိုင်ငံ၏ စားသောက်ကုန် ဖောက်သည်နိုင်ငံများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်သောငြား လည်း ကုန်သွယ်မှုအတားအဆီးများကို ဖြစ်ပေါ်လာစေနိုင်ပေသည်။ အဆိုပါ ကုန်သွယ်မှု အတား အဆီးများကို လျော့ချပြီး နိုင်ငံတကာကုန်သွယ်မှုကို တိုးတက်စေရန်မှာ ညီမျှမှုအတွက် မူဝါဒမှ SPS သဘောတူညီချက်ကို ပေါ်ထွက်လာစေခဲ့သည်။ အဆိုပါ သဘောတူညီချက်မှာ အဖွဲ့ဝင်နိုင်ငံတိုင်းက အခြားနိုင်ငံများ၏ SPS လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို မိမိနိုင်ငံ၏ ကိုယ်ပိုင်ကဲ့သို့ လက်ခံရမည်ဖြစ်ပြီး လိုက်နာကျင့်သုံးမည်ဆိုပါက အဆိုပါလုပ်ထုံးလုပ်နည်းများက သန့်ရှင်းမှုနှင့် စိုက်ပျိုးရေးဆိုင်ရာပိုးမွှားကင်းမှုစံနှုန်းကို အဆင့်တစ်ခုထိ ကာကွယ်ပေးနိုင်စေမည်ဖြစ်သည်။ ထိုအကြောင်းကြောင့် နိုင်ငံများအနေနှင့် ၎င်းတို့၏ သန့်ရှင်းမှုနှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ စံနှုန်းများ၊ ညွှန်ကြားချက်များအတိုင်း သဟဇာတဖြစ်စေရန် လုပ်ဆောင်စေနိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါကလည်း အန္တရာယ်ဖြစ်နိုင်ခြေ သုံးသပ်ချက်များအပေါ် မူတည်ပြီး ကိုယ်ပိုင် SPS လုပ်ထုံးလုပ်နည်းများကို ချမှတ်နိုင်စေမည်ဖြစ်သည်။ အစားအစာထိန်းချုပ်ကွပ်ကဲရေး စနစ်များတွင် စံနှုန်းများနှင့် တူညီချက်များ သဟဇာတဖြစ်အောင်လုပ်ရသည့် မူဝါဒများနှင့် သိပ္ပံနည်းကျမှုကို အခြေခံထားသည့် စံနှုန်းများကို အသုံးပြုခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကြီး WTO ၏ သဘောတူညီချက်များအတွက် အရေးအကြီးဆုံး ညွှန်ကြားချက်များ ဖြစ်သည်။ နိုင်ငံတကာ စံနှုန်းမှတ်တမ်းများ၊ ညွှန်ကြားချက်များ၊ သို့မဟုတ် ထောက်ခံချက်များကို အခြေခံရေးဆွဲထားသော နိုင်ငံအဆင့် အစားအစာလုံခြုံစိတ်ချ မှု စံနှုန်းများမှာ သင့်လျော်ညီညွှတ်မှုရှိစေရန် ချမှတ်ထားခြင်းဖြစ်ပြီး ခွဲခြားနှိမ့်ချရန် မဟုတ်ပေ။
ရေထွက်ကုန်ပစ္စည်းများတွင် လုံခြုံစိတ်ချရစေရန် ဆောင်ရွက်ခြင်းအတွက် အဓိကအကြောင်း ရင်းမှာ အစားအစာထောက်ပံ့မှုကွင်းဆက်တစ်ခုလုံးကို ချဉ်းကပ်ခြင်းဖြစ်သည်။ အစားအစာကွင်းဆက် တစ်ခုလုံးတွင် ငါး၏ အရည်အသွေးနှင့် စိတ်ချရမှုကို ထိန်းသိမ်းရသည့် အဓိကတာဝန်မှာ စားသောက် ကုန်ထုတ်လုပ်သူများ၊ လုပ်ငန်းဆောင်ရွက်လည်ပတ်သူများ၊ ထိန်းသိမ်း၊ ပို့ဆောင်ပေးရသူများနှင့် ဖြန့် ဖြူးပေးရသူများစသည့် ပါဝင်သူများအားလုံးထံတွင် ရှိနေပေသည်။ သို့သော်လည်း အစားအစာကွင်း ဆက်ချဉ်းကပ်မှုကို အကောင်အထည်ဖော်ရာတွင် ကောင်းမွန်စွာပြုစုထားသော စည်းမျဉ်းစံနှုန်းများနှင့် မှန်ကန်စွာဖွင့်ဆိုထားသော စည်းမျဉ်းချမှတ်ထိန်းချုပ်မှုစနစ် လိုအပ်သည်။ မဟုတ်ပါက လယ်တောခြံမှ ထမင်းပန်းကန်ထဲသို့ ဆိုသည့် စိတ်ကူးမှာ အောင်မြင်နိုင်မည်မဟုတ်ပေ။
အထက်ပါအမြင်အရ မြန်မာနိုင်ငံ၏ နည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများကို ငါးနှင့် ရေထွက် ကုန်ပစ္စည်းများ ချောမွေ့စွာကုန်သွယ်နိုင်ရေးအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာ လိုအပ်ချက်များအ ပေါ်တွင် အခြေခံကာ ရေးဆွဲထားခြင်းဖြစ်သည်။ ဤစာတမ်းသည် စားသောက်ကုန် စတင်ထုတ်လုပ် သူများမှ လုပ်ငန်းလုပ်ကိုင်သူများ၊ ဖြန့်ဖြူးသူများ (မွေးမြူရေးအစားအစာထုတ်လုပ်သူများ၊ သားဖောက်သမားများ၊ မွေးမြူရေးခြံများ၊ ငါးသယ်ရေယာဉ်များရောင်းချသည့် စင်တာများ၊ ရေခဲထုတ်လုပ်သူများ၊ အအေးပေးထိန်းသိမ်းသူများ၊ လုပ်ငန်းလည်ပတ်သူများ အားလုံးအပါအဝင်) စသည့် ပါဝင်သည့်သူအားလုံးသို့ တိုက်ရိုက်ပြောကြားခြင်းဖြစ်သည်။ ထို့အတူသက်ဆိုင်ရာ အာဏာပိုင်များကိုလည်း မြန်မာနိုင်ငံ၏ လိုအပ်ချက်အလိုက် ရေထွက်ကုန်ပစ္စည်းများ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအတွက် လိုအပ်သည့် စံနှုန်းများနှင့် ညွှန်ကြားချက်များကို ထောက်ပံ့ပေးရန်ဖြစ် သည်။ ဤစည်းမျဉ်းများက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းအတွက် ရည်ရွယ်သည့် ငါးနှင့် ရေထွက်ကုန်ပစ္စည်းများကို သန့်ရှင်းစွာကိုင်တွယ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် SPS လိုအပ်ချက်များ အားလုံးကို ဖော်ပြထားသည်။ ဤစည်းမျဉ်းများကို ဥရောပသမဂ္ဂ အီးယူ၏ လိုအပ်ချက်များပေါ်တွင် အဓိကထားရေးဆွဲထားသော်လည်း အခြားအဓိကတင်သွင်းနေသည့် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရုား တို့ကဲ့သို့ နိုင်ငံများ၏ လိုအပ်ချက်များကိုလည်း ထည့်သွင်း တွက်ချက် ထားသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံ နိုင်ငံများ ၏ လို အပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားထားသည်။
ဤနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်း၏ ဥပဒေဆိုင်ရာ အခြေခံမှာ ၁၉၉၀ ပြည့်နှစ်၊ ဧပြီ ၂၅ ရက် တွင် ပြဋ္ဌာန်းထားသည့် မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေဖြစ်သည်။ ဥပဒေပုဒ်မ ၂၃ တွင်ပြဋ္ဌာန်း ထားချက်အရ ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ချုပ်ဖြစ်သူသည် ငါးလုပ်ငန်းနှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ၊ တားမြစ်ချက်များ၊ အမိန့်အမှာစာများနှင့် ညွှန်ကြားချက်များကို ထုတ်ဝေရန် အခွင့်အာဏာရှိသည်။
ဥပဒေပုဒ်မ ၁၉ အရ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းလုပ်ကိုင်မည့် စီးပွားရေး အဆောက်အအုံ ထူထောင်ခွင့်၊ ငါးမွေးမြူခွင့် မှတ်ပုံတင်၊ အတည်ပြုချက်များကို ထုတ်ပေးရန် အခွင့်အာဏာရှိသည်။ ဥပဒေပုဒ်မ ၂၄ အရ ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ချုပ်သည် လုပ်ငန်းလိုင်စင်၊ အတည်ပြုချက်များကို သင့်လျော်သလို ဆိုင်းငံ့ခွင့်၊ ပယ်ဖျက်ခွင့်၊ ဖျက်သိမ်းခွင့်၊ အရေးယူခွင့် ရှိသည်။
နိုင်ငံတကာဈေးကွက်တွင် မြန်မာနိုင်ငံမှ ငါးကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုရရှိစေရန် မျှော်တွေး၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် ရေထွက်ကုန်ပစ္စည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအတွက် SPS လိုအပ်ချက်များအပေါ်တွင် အခြေခံထားသည့် နည်းစနစ်ပိုင်းဆိုင် ရာ စည်းမျဉ်းများကို ရေးဆွဲရန် စီမံကိန်းအား ပံ့ပိုးပေးခဲ့သည်။

ဤနည်းစနစ်ပိုင်းဆိုင်ရာ စည်းမျဉ်းများ၏ အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ငါးနှင့် ရေထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုဖွံ့ဖြိုးရန်နှင့် ချောမွေ့စွာစီးဆင်းနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
၁- သားဖောက်လုပ်ငန်းများ၊ မွေးမြူရေးခြံများ၊ မွေးမြူရေးအစားအစာ စက်ရုံများ၊ ငါးမွေးကန်များ၊ အရွှေ့အပြောင်းပြုလုပ်ရာနေရာများ၊ ရောင်းချရာ ခန်းမများစသည့် စားသောက်ကုန်စတင်ထုတ်လုပ် သည့် နယ်ပယ်များမှ စတင်ကာ အစားအစာကွင်းဆက်တစ်ခုလုံးကို ထိန်းချုပ်ကွပ်ကဲရန် သင့်လျော် သည့် စနစ်များ ထူထောင်ရန်။
၂- ငါးနှင့် ရေထွက်ကုန်ပစ္စည်းများကို မွေးမြူရေးခြံမှ ထမင်းဝိုင်းသို့ဆိုသည့် စိတ်ကူးအမြင်အတိုင်း ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းအဆင့်တိုင်းတွင် သတ်မှတ်ထားသည့် အရည်အသွေးနှင့် လုံခြုံစိတ်ချရမှု ရှိစေရန် ဆောင်ရွက်ခြင်းဖြင့် စားသုံးသူ၏ ကျန်းမာရေးကို အမြင့်မားဆုံး ကာကွယ်ပေးရန်။
၃- အစားအစာ ထုတ်လုပ်သူများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းသို့ တာဝန်များကို ယုံကြည်လွှဲအပ်ရန်။
၄- လုပ်ငန်းအလိုက် HACCP အခြေခံ ထိန်းချုပ်မှုစနစ်ကို အစားအစာလုံခြုံမှုလုပ်ဆောင်ရာတွင် အောင်မြင်စေရန် ကိရိယာတစ်ခုအဖြစ် ထူထောင်ရန်။
၅- သာမန်အကဲဖြတ်မှုနှင့် စုံစမ်းစစ်ဆေးရန် သွားရောက်ကြည့်ရှုမှုများတွင် သက်ဆိုင်ရာအာဏာပိုင်က ဥပဒေနှင့် စည်းမျဉ်းလိုအပ်ချက်များကို ကျင့်သုံးစေရန။်
၆- အစားအစာလုံခြုံမှုအတွက် ဘေးအန္တရာယ်များကို ထိန်းချုပ်ရန် စံနှုန်းများ၊ ထိန်းချုပ်နည်းနာများ မချမှတ်မီတွင် အန္တရာယ်ဖြစ်နိုင်ခြေလေ့လာသုံးသပ်ချက် ပြုလုပ်ရန်။
၇- လူထုထံမှ အကြံဉာဏ်ရယူမှုများနှင့် လူထုထံ သတင်းဖြန့်ဝေပေးမှုများတွင် ပွင့်လင်းမြင်သာမှုကို ထူထောင်ရန်။

၁-ဖြည့်စွက်အရသာများ – “အစားအစာအတွက် ဖြည့်စွက်အရသာ” ဆိုသည်မှာ ပုံမှန်အားဖြင့် အစားအစာအဖြစ် စားသုံးရသည့် အရာဝတ္ထုမဟုတ်ဘဲ ၎င်းတွင် အာဟာရတန်ဖိုး ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ပုံမှန်အားဖြင့် အစားအစာ၏ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခြင်းမရှိသည့် မည်သည့်အရာဝတ္ထုကိုမဆို ဆိုလိုသည်။ အစားအစာ၏ ရလဒ်ကောင်းမွန်စေရန် သို့မဟုတ် ရလဒ်ကောင်းကို မျှော်ရည်ကာ စားသောက်ကုန် ထုတ်လုပ်စဉ်၊ လုပ်ငန်းဆောင်ရွက်စဉ်၊ ပြင်ဆင်စဉ်၊ စီမံစဉ်၊ ထုပ်ပိုးစဉ်၊ သယ်ယူပို့ဆောင်စဉ်၊ သို့မဟုတ် သိုလှောင်ထားစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ၎င်းအရာကို အစားအစာတွင် ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းခြင်းကြောင့် အဆိုပါအစားအစာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြည့်စွက်အနံ့အရသာတစ်စိတ်တစ်ပိုင်း ပါဝင်လာမည်ဖြစ်သည်။
၂- ရေလုပ်ငန်း- ဆိုသည်မှာ ရေနေသက်ရှိများကို သဘာဝအတိုင်းမဟုတ်ဘဲ ကောင်ရေထုတ်လုပ် မှုတိုးတက်လာစေရန်လုပ်ဆောင်ထားသည့် နည်းပညာကို အသုံးပြုကာ ပြုစုပျိုးထောင်ခြင်း၊ သို့မဟုတ် မွေးမြူခြင်းကို ဆိုလိုသည်။ အဆိုပါသက်ရှိများသည် မွေးမြူခြင်း၊ သို့မဟုတ် ပျိုးထောင်ခြင်း အဆင့်များနှင့် ရယူသည့် အဆင့်များတွင် တဦးတယောက် သို့မဟုတ် သဘာဝအတိုင်း သို့မဟုတ် တရားဥပဒေအရ တစ်ဦးထက်ပိုသူ၏ ပိုင်ဆိုင်မှုအဖြစ် ရှိနေမည်ဖြစ်သည်။
၃- စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ- ဆိုသည်မှာ အစားအစာလုပ်ငန်းတွင် သက်ဆိုင်ရာအာဏာပိုင်က သတ်မှတ်ပြဋ္ဌာန်းထားသော လိုအပ်ချက်များကို ထိန်းချုပ်မှုအောက်တွင် အကောင်အထည် ဖော်ရန် သဘာဝအတိုင်းသို့မဟုတ် ဥပဒေအရ တာဝန်ရှိသူဖြစ်သည်။
၄- အလွှဲအပြောင်းအဆင့် – ဆိုသည်မှာ ပစ္စည်းတစ်စုံတစ်ရာ သို့မဟုတ် ထုတ်ကုန်ကို ထုတ်လုပ်သည့် နေရာတစ်နေရာမှ စက်ရုံ၏ အခြားတိုက်ရိုက် နောက်ဆက်တွဲနေရာသို့ လွှဲပြောင်းသည့် အဆင့်ကို ဆိုလိုသည်။
၅-ငါးဖမ်းလက်မှတ် – ဆိုသည်မှာ ငါးသယ်ရေယာဉ်များကိုကြည့်ရှုရသည့် အဆင့်တွင် အစိုးရက ဤဖမ်းဆီးမိသည့် ငါးများမှာ ဥပဒေ၊ စည်းမျဉ်းနှင့် နိုင်ငံတကာ ငါးသယံဇာထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနည်းလမ်းများနှင့် အညီလုပ်ဆောင်ကြောင်း ပြသရန် ခွင့်ပြုပေးရသည့် လက်မှတ်ကို ဆိုလိုသည်။
၆- ထိန်းချုပ်ကွပ်ကဲမှု နည်းလမ်း- ဆိုသည်မှာ အစားအစာလုံခြုံစိတ်ချရမှုကို ခြိမ်းခြောက်မည့် အန္တရာယ်များကို ကာကွယ်ရန်၊ တိုက်ဖျက်ရန် သို့မဟုတ် လျော့ချရန် လုပ်ဆောင်သည့် လုပ်ဆောင် ချက်ကို ဆိုလိုသည်။
၇- အရေးပေါ်ထိန်းချုပ်မှု အဆင့် (စီစီပီ)- ဆိုသည်မှာ ထိန်းချုပ်မှုလုပ်နိုင်သည့် အဆင့်တစ်ခုဖြစ်ပြီး အစားအစာလုံခြုံစိတ်ချရမှုအတွက် ဘေးအန္တရာယ်များကို လက်ခံနိုင်သည့် အဆင့်တစ်ခုသို့ လျော့ချရန်၊ သို့မဟုတ် ကာကွယ်ရန် အရေးကြီးသည့် အဆင့်ကို ဆိုလိုသည်။
၈- နိုင်ငံရပ်ခြား ရောဂါများ- ဆိုသည်မှာ နိုင်ငံသို့မဟုတ် ဇုန်တစ်ခုလုံးအတွင်း မသိမမြင်ဘူးသည့် ရေနေ သတ္တဝါရောဂါများဖြစ်ပြီး နိုင်ငံ၏ ရေပိုင်နက်အတွင်း အဆိုပါရောဂါပိုးမတွေ့ရှိဖူးသည့် ရောဂါကို ဆိုလိုသည်။
၉- စက်ရုံ ကုန်လှောင်ရုံ- ဆိုသည်မှာ ရေထွက်ကုန်ပစ္စည်းများကို အရိုးနွှင်ခြင်း၊ ပိုင်းခြင်း၊ အရေချွတ်ခြင်း၊ အခွံချွတ်ခြင်း၊ အရေနွှာခြင်း၊ နုတ်နုတ်စင်းခြင်း စသည့် လုပ်ငန်းများနှင့် နောက်ဆက် တွဲအဖြစ် ထုပ်ပိုးခြင်း၊ အအေးပေးခြင်း၊ အေးခဲခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့် မည်သည့် ကုန်လှောင်ရုံကို မဆို ဆိုလိုသည်။
၁၀- မွေးမြူရေး ဖြည့်စွက်စာ- မွေးမြူရေးအစာများ၊ ကြိုတင်ရောစပ်ကျွေးရသည့် အစားအစာများ မဟုတ်ပဲအနုဇီ၀ သက်ရှိများ သို့မဟုတ် အထူးပြုလုပ်ထားသည်များကို မွေးမြူရေးအစာ သို့မဟုတ် ရေထဲတွင် သီးခြား လိုအပ်ချက် ပြည့်မီစေရန် ရည်ရွယ်ချက်ဖြင့် ပေါင်းထည့်ရသည့် အရာကို ဆိုလိုသည်။
၁၁- အအေးခန်း သိုလှောင်ရုံ- ရေထွက်ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းများ လုပ်ဆောင်အပြီးတွင် သင့်လျော်သည့်နေရာသို့ သယ်ဆောင်ရာတွင် အေးခဲပေးသည့် သိုလှောင်ရုံကို ဆိုလိုသည်။
၁၂- ဘေးအန္တရာယ်- ဆိုသည်မှာ ထိန်းချုပ်မှုမရှိလျင်ဖျားနာမှု၊ အနာတရဖြစ်မှုတို့ ဖြစ်ပေါ်စေနိုင် သည့် ဇီဝဗေဒဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အရာတစ်ခုကိုဆိုလိုသည်။
၁၃- ဘေးအန္တရာယ် ဆန်းစစ်ခြင်းနှင့် အရေးပေါ်ထိန်းချုပ်မှုအခြေအနေ (HACCP)- ဆိုသည်မှာ အမျိုး အမည်ခွဲခြားရန်၊ အကဲဖြတ်ရန်နှင့် အစားအစာလုံခြုံမှု ဘေးအန္တရာယ်ထိန်းချုပ်မှုအတွက် စနစ်ကျသော ချည်းကပ်မှုပါဝင်သည့် အစားအစာလုံခြုံမှု စနစ်တစ်ရပ်ကို ဆိုလိုသည်။
၁၄- သားဖောက်ရာနေရာ- ဆိုသည်မှာ စီးပွားဖြစ်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေနေသတ္တဝါများကို သားဖောက်ခြင်း၊ သားပေါက်မွေးမြူခြင်းတို့ လုပ်ဆောင်သည့်နေရာကို ဆိုလိုသည်။
၁၅- တရားမဝင် အသုံးပြုခြင်း- ဆိုသည်မှာ ခွင့်မပြုထားသည့် အရာဝတ္တု၊ ကုန်ပစ္စည်းများကို သုံးစွဲခြင်း သို့မဟုတ် ခွင့်ပြုထားသော အရာဝတ္တု၊ ကုန်ပစ္စည်းများကို ခွင့်ပြုပမာဏထက်ကျော်လွန် အသုံးပြုခြင်း ကို ဆိုလိုသည်။
၁၆- သီးခြား အအေးခန်းစတို- ဆိုသည်မှာ အတည်ပြုထားသော စီးပွားရေးအဆောက်အအုံများ၊ စက်ရုံသိုလှောင်ခန်းများ သို့မဟုတ် အအေးခန်းသိုလှောင်ရုံများဖြင့် ပို့ကုန်လုပ်ငန်းအတွက် ထုတ်လုပ်ထားသည့် ရေထွက်ကုန်ပစ္စည်းများကို သိုလှောင်ရန် သီးခြားဆောက်လုပ်ထားသည့် အအေးခန်းစတိုကို ဆိုလိုသည်။
၁၇- သီးခြားရေခဲစက်ရုံ- ဆိုသည်မှာ သက်ဆိုင်ရာ သီးခြားအာဏာပိုင်အဖွဲ့က ခွင့်ပြုထားသည့် စီးပွားရေးအဆောက်အအုံများ၊ စက်ရုံကုန်လှောင်ရုံများ၊ အအေးခန်း သိုလှောင်ရုံများ၊ ငါးမွေးကန်များ၊ ပစ္စည်းအတင်အချပြုလုပ်ရာနေရာများ၊ ရောင်းချရာနေရာများသို့ ရေခဲထောက်ပံ့ပေး၇န် သီးခြားဆောက်လုပ်ထားသော ရေခဲထုတ်လုပ်သည့် စက်ရုံကို ဆိုလိုသည်။
၁၈- ပါဝင်ပစ္စည်း- ဆိုသည်မှာ ဈေးကွက်တင်ရောင်းချမည့် မွေးမြူရေးအစာ၊ သို့မဟုတ် အစားအစာများတွင် ပါဝင်နေသည့် အစိတ်အပိုင်း၊ ပေါင်းစပ်ပါဝင်သည့် အရောအနှောအစိတ်အပိုင်း တစ်စုံတစ်ရာကို ဆိုလိုသည်။
၁၉- အညွှန်းစာတပ်ခြင်း- ဆိုသည်မှာ အစားအစာနှင့် သက်ဆိုင်သော ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း အမည်၊ သို့မဟုတ် သင်္ကေတတို့ကို ဖော်ပြသော မည်သည့်စကားလုံးကို မဆိုဖြစ်ပြီး အစားအစာ၏ အထုပ်အပိုးပေါ်၊ စာရွက်စာတမ်းအပေါ်၊ သတိပေးချက်အပေါ်၊ လေဘယ်အပေါ်၊ လက်ကိုင်အပေါ်တို့ တွင် အဆိုပါအစားအစာနှင့် တွဲဆက်လျက်ပါရှိသည့် အရာဖြစ်သည်။
၂၀- ဆေးခတ်ထားသော တိရိစ္ဆာန်အစာ- ဆိုသည်မှာ တိရိစ္ဆာန်များကို ဆေးဝါးကုသရန်၊ ရောဂါဘယမှကာကွယ်ရန်အတွက် ဆေးဝါးအဖြစ် အရန်သင့်ကျွေးရန်စီစဉ်ထားပြီး ဈေးကွက်တင်ရောင်းချရန် အသင့်ဖြစ်နေသော တိရိစ္ဆာန်ဆေးဝါး ရောနှောထားသည့် ကုန်ပစ္စည်း(များ) နှင့် တိရိစ္ဆာန်အစာ(များ) ကို ဆိုလိုသည်။
၂၁- အမျိုးသားအဆင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့- ဆိုသည်မှာ ဤစည်းမျဉ်းများနှင့် အညီလိုက်နာကြစေရန် လုပ်ဆောင်ပေးရသော အစိုးရအာဏာပိုင်အဖွဲ့ သို့မဟုတ် အစိုးရအာဏာပိုင်အဖွဲ့မှ အခွင့်အာဏာ အပ်နှင်းထားသော အခြားအာဏာပိုင်အဖွဲ့ တစ်ခုခုကို ဆိုလိုသည်။
၂၂- အာရုံခံအင်္ဂါများဖြင့် စစ်ဆေးခြင်း- ဆိုသည်မှာ ရေထွက်ကုန်ပစ္စည်းများတွင် ပုံပန်းသဏ္ဍန်၊ အရောင်၊ အနံ့၊ မျက်နှာပြင်အနေအထား၊ အလေးချိန်၊ အရွယ်အစား စသည့် အရည်အသွေးကန့်သတ် ချက်များကို ဆန်းစစ်ရန် အာရုံခံစစ်ဆေးခြင်းကို ဆိုလိုသည်။
၂၃- ဆေးဝါးသက်ရောက်မှုရှိနေသော ပစ္စည်းများ- ဆိုသည်မှာ လူ သို့မဟုတ် တိရိစ္ဆာန်၏ ကိုယ်ခန္ဓာ လုပ်ဆောင်မှု၊ ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိစေသော ဓါတုပစ္စည်းသို့မဟုတ် အရာဝတ္ထုတစ်ခု ကိုဆိုလိုသည်။ အဆိုပါ အရာဝတ္ထုများမှာ ဖန်တီးပြုပြင်ထားသည့် အရာဖြစ်နိုင်သလို သဘာဝပစ္စည်းလည်း ဖြစ်နိုင်သည်။ ဥပမာ. နိုးကြားစေခြင်းသို့မဟုတ် ဒဏ်ရာရရှိခြင်းတို့ကို ခန္ဓာကိုယ် မှ တုံ့ပြန်ရန် ဖန်တီးပေးထားသော အရာမျိုးဖြစ်သည်။
၂၄- လုပ်ငန်းဆောင်ရွက်ခြင်း- ဆိုသည်မှာ အပူပေးခြင်း၊ ကြပ်တင်ခြင်း၊ ကုသခြင်း၊ အဆင့်မီလာစေခြင်း၊ အခြောက်ခံခြင်း၊ ရသာစိမ်ခြင်း၊ မလိုသည်များ ဖယ်ထုတ်ခြင်း၊ ပုံသွင်းခြင်း သို့မဟုတ် အဆိုပါလုပ်ငန်းစဉ်များအားလုံး ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တို့အပါအဝင် ကနဦး ထုတ်ကုန်ပစ္စည်းကို အပြောင်းအလဲများစွာဖြစ်ပေါ်စေရန် လုပ်ဆောင်ရသည့် မည်သည့် လုပ်ဆောင် ချက်ကို မဆို ဆိုလိုသည်။
၂၅-ကြိုထည့်ရသည့် အရောအနှောများ- ဆိုသည်မှာ မွေးမြူရေးအစားအစာ ဖြည့်စွက်ပစ္စည်းရောနှောခြင်း သို့မဟုတ် အစာကျွေးမွေးရသည့် ပစ္စည်းများ သို့မဟုတ် ရေထဲသို့ တစ်ခုထက်ပိုမိုရောနှောရသည့် ဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းကို ခေါ်ဆိုခြင်းဖြစ်ပြီး တိရိစ္ဆာန်ကို တိုက်ရိုက်မကျွေးမွေးရသည့် အရာဖြစ်သည်။
၂၆- မရှိမဖြစ် အစီအစဉ်များ- ဆိုသည်မှာ HACCP စနစ်အတွက် အခြေခံဖြစ်သော လုပ်ငန်းစဉ်အခြေအနေများကို ဖော်ပြထားသည့် ကောင်းမွန်သည့် ကုန်ထုတ်လုပ်မှု အလေ့အကျင့်များ (GMPs) အပါအဝင် လုပ်ငန်းစဉ်များကို ဆိုလိုသည်။
၂၇- ဘေးအန္တရာယ် လေ့လာဆန်းစစ်ချက်- ဆိုသည်မှာ ဘေးအန္တရာယ် ခန့်မှန်းတွက်ချက်ခြင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲခြင်းနှင့် ဘေးအန္တရာယ်သတင်းဝေမျှခြင်းစသည့် အပြန်အလှန် ဆက်စပ် နေသော အစိတ်အပိုင်း သုံးခုပါဝင်သည့် လုပ်ငန်းစဉ်ကို ဆိုလိုသည်။
၂၈- စံလုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ် (SOP) -ဆိုသည်မှာ လက်ခံရယူခြင်း၊ သိုလှောင်ခြင်း၊ လေဘယ်ကပ်ခြင်း၊ သင်္ဘောတင်ခြင်း စသဖြင့် လုပ်ငန်းစဉ်များကို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင် ပုံကို ဖော်ပြထားသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ထုတ်ကုန်များနှင့် ၎င်းနှင့် ထိစပ်နေသည့် မျက်နှာပြင်များကို လုံခြုံစိတ်ချရစေရန်နှင့် သန့်ရှင်းမှုရှိစေရန် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များဖြစ် သည်။
၂၉- သန့်ရှင်းမှုစံနှုန်းဆောင်ရွက်ရသည့် လုပ်ငန်းစဉ် (SSOP)- ဆိုသည်မှာ ငါးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် လုပ်ကိုင်မှုပြုသည့် ဧရိယာများတွင် အစားအစာ လုံခြုံမှုဆိုင်ရာ ဘေးအန္တရာယ်များကို ထိရောက်စွာထိန်းချုပ်ကာကွယ်ရန် အလုံးစုံ သန့်ရှင်းမှုနှင့် ညီညွှတ်သော ဝန်းကျင်ကို ထူထောင်ရသည့် လုပ်ငန်းစဉ်တစ်စုံကို ဆိုလိုသည်။
၃၀- နောက်ကြောင်းလိုက်နိုင်မှု- ဆိုသည်မှာ အစားအစာ၊ မွေးမြူရေးအစာ၊ အစားအသောက်အဖြစ် ထုတ်လုပ်သည့် တိရိစ္ဆာန် သို့မဟုတ် အစားအစာ၊ မွေးမြူရေးအစာအဖြစ် ပေါင်းစပ်ထုတ်လုပ်မည့် အရာဝတ္ထုကို ထုတ်လုပ်မှု၊ လုပ်ငန်းစဉ်လျောက်လုံးနှင့် ဖြန့်ချီသည့် လုပ်ငန်းစဉ် တစ်ခုလုံးတွင် နောက်ကြောင်းလိုက်နိုင်စွမ်းရည်ကို ဆိုလိုသည်။
၃၁- အထောက်အထားပြခြင်း- ဆိုသည်မှာ HACCP အစီအစဉ်ကို ကောင်းမွန်စွာအကောင်အထည် ဖော်ပြီး ဘေးအန္တရာယ်များကို ထိရောက်စွာထိန်းချုပ်နိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် သိပ္ပံနည်းကျနှင့် နည်းစနစ်ပိုင်း သတင်းအချက်အလက်များကို စုစောင်းခြင်းနှင့် အကဲဖြတ်ခြင်းတို့အပေါ်တွင် စိစစ်အ တည်ပြုသည့် အရာကို ဆိုလိုသည်။
၃၂- နှုတ်ပယ်ကာလ- ဆိုသည်မှာ တိရိစ္ဆာန်များကို အသားယူချိန်နှင့် တိရိစ္ဆာန်များကို သာမန် အခြေအနေများတွင် စီမံတိုက်ကျွေးရသည့် တိရိစ္ဆာန်ဆေးကု ဆေးပစ္စည်းများနောက်ဆုံးအသုံးပြုချိန် အကြားလိုအပ်သည့် အချိန်ကွာခြားချက်ကို ဆိုလိုသည်။ အကြောင်းမှာ အဆိုပါစားသောက်ကုန်များ တွင် ဆေးဝါးဓါတ်ကြွင်းကျန်ပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုမပါဝင်စေရန် ချမှတ်ထားသည့် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် ၃/၂၀၀၉ (၀၃.၀၄.၂၀၀၉) အရဖြစ်သည်။

၁။ ALS – သရုပ်ခွဲ ဌာန
၂။ ASEAN – အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်း (အာဆီယံ)
၃။ CAR – အမှားပြင်ဆင်ပေးရန် တောင်းဆိုလွှာ
၄။DOF – ငါးလုပ်ငန်း ဦးစီးဌာန
၅။ DG SANCO- စားသုံးသူ ကာကွယ်ရေးနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အတွက်အတိုကောက်စကားလုံး
၆။ EC – ဥရောပကော်မရှင်
၇။ FAO – ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း
၈။ FIQCD – ငါးစစ်ဆေးရေးနှင့် အရည်အသွေးထိန်းချုပ်ရေးဌာန
၉။ FSVPS – တိမွေးကုနှင့် အပင်ပိုးမွှားဆိုင်ရာစစ်ဆေးရေး ဝန်ဆောင်မှု ညွန့်ပေါင်းအဖွဲ့အစည်း
၁၀။ GMP – ကောင်းမွန်သော ကုန်ထုတ်လုပ်မှုအလေ့အထများ
၁၁။ HACCP – ဘေးအန္တရာယ်ဆန်းစစ်ခြင်းနှင့် အရေးပေါ်ထိန်းချုပ်မှု အဆင့်များ
၁၂။ ICS – စုံစမ်းစစ်ဆေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းဌာန
၁၃။ NCA – အမျိုးသားအဆင့် အခွင့်အာဏာရှိသောအဖွဲ့အစည်း
၁၄။ NRNP – အမျိုးသားအဆင့် ဓာတ်ကြွင်းပစ္စည်း စောင့်ကြည့်ရေး လုပ်ငန်းစဉ်
၁၅။ OIE – နိုင်ငံတကာ တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာရုံး
၁၆။ RMC – ဓာတ်ကြွင်းပစ္စည်းစောင့်ကြည့်ရေးကော်မတီ
၁၇။ WHO – ကမ္ဘာ့ကျန်းမာရေးအဖွဲ့
၁၈။ WTO – ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့